ဆောင်းပါးအတွေးအမြင်

ဆန်းစစ်ရန်လိုအပ်သော ထိုင်း၏ “လူသားချင်းစာနာထောက်ထားမှု” လုပ်ငန်းစဉ်

မြန်မာစစ်အုပ်စုဖန်တီးခဲ့သည့် အကျပ်အတည်းကို အဖြေရှာရာ၌ စစ်အုပ်စုကို အစိတ်အပိုင်းတစ်ခု အနေဖြင့် ဆက်ဆံနေခြင်းသည် အာရုံမှောက်မှားမှုသပ်သပ်သာဖြစ်သည်။

မြန်မာစစ်အုပ်စု၏ ကျရှုံးနေသောအာဏာသိမ်းမှုသည် အချိန်အားဖြင့် လေးနှစ်တာကာလအတွင်း ချဥ်းနင်းဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ယူကရိန်းနှင့် ပါလက်စတိုင်းတို့ပြီးလျှင် အသေအပျောက်အများဆုံးနှင့် အကြမ်းဖက်မှုအမြင့်ဆုံး ဒေသတစ်ခု ဖြစ်လာခဲ့သည်။ ဆက်လက်ဖြစ်ပေါ်နေသော မြန်မာ့အကျပ်အတည်းသည်လည်း နိုင်ငံတကာအထောက်အပံ့ရရှိမှု အပိုင်း တွင် လျစ်လျူရှုအခံရဆုံး ဖြစ်နေသည်။ 

ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ၂.၆ သန်းထိ ရှိလာချိန်သည့်တိုင် အောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့် ကန့်သတ်ခံနေရဆဲဖြစ်ကာ၊ နိုင်ငံ တကာအကူအညီပေးရေးအဖွဲ့များနှင့် ကုလသမဂ္ဂအေဂျင်စီများသည်လည်း  မြေပြင်၌ နယ်မြေ  စိုးမိုးမှု ကြီးကြီးမားဆုံးရှုံးနေသည့် စစ်အုပ်ကိုသာ မှီခိုအားထားနေကြသည်။

မြန်မာစစ်အုပ်စုနှင့် တော်လှန်ရေးအုပ်စုများအကြား မရပ်မနားတိုက်ပွဲများကြောင့် ဒုက္ခသည်များ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ကို ကြိုတွေးကာ ထိုင်းနိုင်ငံသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစီအစဥ်သစ်ကို ကမကထပြုကြိုးပမ်းနေ သည်။

တစ်ချိန်တည်းတွင် စစ်အုပ်စုကလည်း အရပ်သားပြည်သူများအပေါ်  မြင်မြင်သမျှ​ဆက်လက်တိုက် ခိုက်နေကာ နိုင်ငံတကာဥပဒေကို မလေးစားကြောင်း ပြသနေပြီး စစ်ခေါင်းဆောင်များ စစ်ရာဇဝတ် မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုအတွက် ရာဇဝတ်ကြောင်းအရ တာဝန်ခံ​ရစေရန် တွန်းပို့နေသည်။

ထိုင်းအစိုးရ၏ စိတ်ကူးအကြံသည် မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးပွဲများ လုပ်ဆောင်ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ စီစဥ်ထားချက်တွင် နိုင်ငံနှစ်ဘက်စလုံးမှ ကြက်ခြေနီအဖွဲ့ များအကြား ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်မည်ဖြစ်သည်။ 

အဆိုပါအစီအစဥ်ကို ယခင်လက လာအို၌ ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများမှ​ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးပွဲတွင် ထောက်ခံကြိုဆိုခဲ့ပြီး၊ ယခုချိန်တွင် အကူအညီများထောက်ပံ့ ပေး ဝေမှု စောင့်ကြည့်ရေးတွင် သဘာဝဘေးအန္တ ရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထား မှုအကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA စင်တာ) လည်း ပါဝင် ဆောင်ရွက်မည်ဖြစ်သည်။ AHA စင်တာ ပါဝင်လာသည့်ကိစ္စ၏ နောက်ကွယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ​လ အာဏာသိမ်းမှုဖြစ်စဥ်အပြီး နှစ်လအကြာတွင် ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ် (5PC) ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ယခုအစီအစဥ်သည် “အာဆီယံမှုပြုရန်” ကြိုးစားလို သည့် ရည်ရွယ်ချက်ရှိသည်ဟု ယူဆနိုင်ဖွယ်ရှိသည်။ 

ယင်းအစီအစဥ်တွင် တရုတ်၊ အမေရိကန်နှင့် အခြားသော နိုင်ငံတကာမိတ်ဖက်နိုင်ငံများလည်း ပါဝင် လာဖွယ်ရှိသည်။

ယခုလုပ်ရပ်သည် လေ့လာသုံးသပ်သူများကို အံ့အားသင့်စေသကဲ့သို့ မူလကတည်းက အာဆီယံ၏ ကိုင်တွယ်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်နေသည့် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများ ကိုလည်း ဒေါသထွက်စေသည်။ ယင်းအစီအစဥ် ဖြစ်နိုင်ခြေရှိမရှိ မေးခွန်းထုတ်ကြသည်။ 

အကြောင်းရင်းမှာ မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်ကင်းရန် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ ခိုလှုံနေသည့် နယ်စပ်ဒေသများကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်ဆိုသော အချက်ဖြစ်သည်။ 

မြန်မာစစ်တပ်လက်အောက်ရှိ ပြည်သူလူထု အယုံအကြည်ကင်းမဲ့နေသော မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့လည်း ပါဝင်နေရာ ယင်းအစီအစဥ်မှာ အခြေခံအဆင့်၌ပင် ပြဿနာရှိနေသည်။

အစီအစဥ်၏ ပြဿနာအကြီးဆုံးအပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် လူမှုအသိုင်း အဝိုင်းများနှင့် ၎င်းတို့ကို ကူညီထောက်ပံ့နေသူများအတွက် အန္တရာယ်ကျရောက်နိုင်ခြေမြင့်မားခြင်း ဖြစ်သည်။ ရရှိသည့် အချက်အလက်များကို မြန်မာစစ်အုပ်စုထံ မျှဝေနိုင်ပြီး၊​ စစ်အုပ်စု၏ အလွဲသုံး စား လုပ်ခံရနိုင်သည်။ ထိုင်းကြက်ခြေနီနှင့် မြန်မာကြက်ခြေနီတို့ ဦးဆောင်ပြီး လုပ်ဆောင်ချိန်တွင် သဘောသဘာဝအရ ထိုင်းအစိုးရသာမက မြန်မာစစ်အုပ်စု၏ ခွင့်ပြုချက်ပါ လိုအပ်မည်ဖြစ်သည်။

ပြီးခဲ့သော သုံးနှစ်အတွင်း 5PC (အာဆီယံဘုံသဘောတူညီချက်) ကို အကောင်အထည်ဖော်ရာတွင် အာဆီယံသည် အနည်းငယ်တိုးတက်မှုသာ ဖော်ဆောင်နိုင်ခဲ့သည်ကိုလည်း ဤအစီအစဥ်သစ်က ဖော်ပြနေသည်။ 

စိုးရိမ်ပူပန်သည့် အစုအဖွဲ့များအကြား အကြမ်းဖက်မှုရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းရေး တောင်းဆိုချက် အပါအဝင် သဘောတူညီချက်၏ အခြားသော အစိတ်အပိုင်းများမှာ ရပ်တန့်နေ သို့မဟုတ် နောက်ကို ပင် ပြန်ဆုတ်ယုတ်သွားနေသည်ဖြစ်ရာ အာဆီယံသည် အတွင်း၌ပင်လှိုက်စားနေသည့် နိုင်ငံရေးအ ကျပ်အတည်းတစ်ခုကို ဖြေရှင်းသည့်အနေဖြင့် 5PC ၏ အငြင်းပွားမှု အနည်းဆုံးအချက်ဖြစ်သည့် AHA စင်တာမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးပို့ရမည်ဆို သော အချက်ကို အသုံးချလာသည့် ပုံစံဖြစ်သည်။

ထိုင်းနိုင်ငံဘက်က ဖော်ဆောင်မည့် အဆိုပါအစီအစဥ်ကို အမှန်တကယ်ဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးမှု လုပ်ရန်လိုအပ်သည်။ 

ဤစိတ်ကူးအကြံသည် အသစ်မဟုတ်ဘဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တစ်ဝဲလည် လည်ပေါ်လာနေသော အကြံဖြစ်သည်။ ကျွန်မကိုယ်တိုင် ဤစိတ်ကူးကို ယခင်က အကြံပြုခဲ့ဖူးပြီး၊ ယင်းနောက်ပိုင်းတွင် ဆက်မပြုရန် ဆုံးဖြတ်ခဲ့သည်။ ယင်းစိတ်ကူးသည် အကျပ်အတည်း၏ နောက်ခံ အခြေအနေနှင့် အဆက်အစပ်မရှိသကဲ့သို့ အကြောင်းရင်းများအရ မြန်မာပြည်သူများ၏ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်ကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိပေ။

ပထမအချက်အဖြစ် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်သည် စစ်ဖြစ်နေသည့် အုပ်စုများက အကာအကွယ်ပေးရမည့် နေရာတစ်ခုဖြစ်နေခြင်းပင်။ အကယ်၍ ဤအစီအစဥ်ကို နယ်စပ်တစ် လျှောက် ပဋိပက္ခကို အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် ပြည်သူများထံ အကူအညီများပံ့ပိုးရန် ရည်ရွယ်ပါက အဆိုပါဒေသများကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့များနှင့်အတူတူ လုပ်ဆောင်ရမည့် သဘောသက်ရောက်သည်။ 

သို့သော် ပါဝင်ရသည့် အစုအဖွဲ့အားလုံးအကြား ယုံကြည်မှုမရှိသဖြင့် ထိုသို့သောအစီအစဥ်မှာ မယုံနိုင်လောက်ခက်ခဲသည်ကို ယူကရိန်းနိုင်ငံက နမူနာက ပြသခဲ့ပြီးဖြစ်သည်။ စစ်အုပ်စုသည် ပဋိပက္ခ၏ အဓိကရင်းမြစ်ဖြစ်နေသည်သာမက အဓိက ပြစ်မှုကျူးလွန်သူလည်းဖြစ်နေရာ မည်သို့သော သဘောတူညီချက်မျှ နှစ်ထောင်းအားရဖြစ်စရာ မရှိသလောက်နည်းနေသည်။ 

ဒုတိယအချက်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားပင်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ်မပါဘဲ ယင်းကိစ္စဖြစ်မြောက်ရန်မှာ အလွန်ခက်ခဲမည်ဖြစ်သည်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲဆုံးဖြတ်ချက်တစ်ခုတွင် လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းများ ထည့်သွင်းဖော်ပြရေးကို ရုရှားနှင့် တရုတ်က ပိတ်ဆို့မည့် အလားအလာရှိသည်။ ဆီးရီးယားနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွင် အလားတူကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ 

တတိယအချက်မှာ အရပ်သားများအတွက် အရေးပေါ်အကူအညီ၊ လူသားချင်စာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းစဉ်၊ ယာယီအပစ်ရပ်နှင့် လေးကင်းဇုန်များထက် ထာဝရငြိမ်းချမ်းရေးကသာ သွေး ချောင်းစီးမှုကို ရပ်တန့်နိုင်လိမ့်မည်ဟု ယူဆနေကြသည့် လက်ရှိဖြစ်နေဆဲ ပါလက်စတိုင်းစစ်ပွဲက သက်သေပြနေသည်။

ပထမဆုံးအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတို့ အတွက် အကူအညီ ရပိုင်ခွင့်ငြင်းပယ်ခြင်းသည်  ဥပဒေနှင့်မညီပေ။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကို ယာယီဖြေဆေးအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုများ၏ အကြောင်းရင်းခံဖြစ်သော ပဋိပက္ခကို ထပ်လောင်းရှည်ကြာစေမည်ဖြစ်သည်။

ထိုင်းနိုင်ငံက ကမကထပြုလုပ်ပြီး အာဆီယံက ထောက်ခံသည့် အဆိုပါအစီအစဥ်ကြောင့် မရည်ရွယ် ထားသည့် နောက်ဆက်တွဲဖြစ်စဥ်များဖြစ်စဉ်များ ပေါ်ပေါက်နိုင်သည်ကို ရှောင်ရှားရန် အထက်ပါ သင်ခန်းစာများကို သုံးသပ်စဥ်းစားသင့်သည်။ ထိုင်းနိုင်ငံက ၎င်းတို့၏ နယ်စပ်ကို တဖြည်းဖြည်း ပိုမိုတင်းမာလာနေသည့် အကျပ်အတည်း၏ နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်မှ ကာကွယ်ရန် စိုးရိမ်နေ ချိန်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများသည် အကောင်းထက်အဆိုးသာ ပိုဖြစ် လာစေမည်ဖြစ်သည်။

တကယ်တမ်းတွင် ထောက်ပံ့ကူညီရန် တိုက်ရိုက်ပိုကျကာ ပိုပြီးထိရောက်သည့် ရိုးရှင်းသော အခြား ရွေးချယ်စရာနည်းလမ်းတစ်ရပ် ရှိနေပါသည်။ အဆိုပါနည်းလမ်းသည် ကြီးမားလေးလံသော အခြေခံ အဆောက်အအုံများ သို့မဟုတ် အင်အားစိုက်လုပ်ဆောင်ရသော နိုင်ငံရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှု များ မလိုအပ်ပါ။

ယင်းနည်းလမ်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခုခံတော်လှန်မှုဟု ခေါ်ပါသည်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခုခံတော်လှန်မှုသည် မြန်မာနိုင်ငံ၏ ဒေသခံတိုင်းရင်းသား အုပ်စုများနှင့် ရှေ့တန်းမျက်နှာစာတွင် အကူအညီများ တန်ပြန်ထောက်ပံ့ဆောင်ရွက်ပေးနေသူများ၏ ကျယ်ပြန့်သောကွန်ရက်နှင့် ၎င်းတို့၏ ဒေသန္တရာဗဟုသုနှင့် အတွေ့အကြုံ ကြွယ်ဝမှုတို့အပေါ် တည် ဆောက်ထားသည့် ဒေသခံလူမှုအသိုင်းအဝိုင်းအခြေပြု ချဥ်းကပ်မှုပုံစံဖြစ်သည်။ 

ဤချဥ်းကပ်မှုတွင် အားလုံးပါဝင်မှု၊ စုံလင်ကွဲပြားမှုနှင့် သွေးစည်းညီညွတ်မှုတို့ကို ဦးစားပေးထားပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် အားလုံးပါဝင်သော လူ့အဖွဲ့အစည်းဖြစ်ရန် မြန်မာပြည်သူများ၏ စိတ်အား ထက်သန်မှုနှင့်လည်း ကိုက်ညီမှုရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ထောင်သောင်းချီသောအသက်များကို နယ်စပ်ဒေသအခြေပြု ဒေသခံအ ဖွဲ့များနှင့် တုံ့ပြန်လုပ်ဆောင်သူများက မည်သို့ ကယ်ဆယ်စောင့်ရှောက်ပေးခဲ့သည်ကို ကျွန်မအနေဖြင့် ကိုယ်တွေ့ မြင်ခွင့်ရရှိခဲ့ပါသည်။ လူမှုအသိုင်းအဝန်း၏ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့ကိုယ်တိုင် ဘေး ကင်းလုံခြုံရန် ယင်းအဖွဲ့များသည် မြန်မာစစ်အုပ်စု၏ခွင့်ပြုချက်မယူဘဲ ၎င်းတို့၏ လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့ကြသည်။

နယ်စပ်ဒေသ၌ လုပ်ကိုင်နိုင်ရန်ှင့် မြန်မာနိုင်ငံအတွင်း ထဲထဲဝင်ဝင် ရောက်ရှိနိုင်ရန် ဒေသခံအဖွဲ့အစည်း များနှင့် တော်လှန်ရေးတပ်ဖွဲ့များ အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် မဖြစ်မနေလိုအပ် နေသော ပြည်သူများထံ တိုက်ရိုက်ရောက်ရှိပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရရှိသူများလည်း ဖြစ်ကြသည်။ အခွင့်အရေးကို ထိပါးယုတ်လျော့စေခြင်းမရှိဘဲ လိုအပ်ချက်ပြည့်ဝေစေရန် လုပ်ဆောင် နိုင်ကြောင်း ၎င်းတို့က သက်သေပြခဲ့ကြပြီးဖြစ်သည်။

သို့သော်လည်း ဤတခြားသောချဥ်းကပ်မှုနည်းလမ်းသည် အရေးကြီးသည့် နယ်ပယ်တစ်ခုပေါ်တွင် အခြေတည်နေသည်။ ယင်းမှာ ဤဒေသခံအဖွဲ့များကို ထောက်ပံ့ကူညီသူများသည် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ ဆက်ဆံမှုကို လုံးဝရပ်ဆိုင်းရမည်ဟူသော အကြောင်းရပ်ဖြစ်သည်။

ဤချဥ်းကပ်မှုလုပ်ဆောင်မည်ဆိုပါက အာဆီယံသည် အခြေခံအဆင့်သို့ပြန်လှည့်ရမည်။ ဆိုလိုသည် မှာ အကျပ်အတည်းကိုအဖြေရှာရေးတွင် မြန်မာစစ်အုပ်စုသည် မည်သည့်အခါမျှ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်မဟုတ်ဟူသော အချက်ကို အသိအမှတ်ပြုရမည်ဖြစ်ရာ မဟာဗျူဟာပိုင်းအရ ကြီးကြီး မားမားခြုံငုံစစ်ဆေးမှုပြုရန် လိုအပ်မည်ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်ဖော်ဆောင်ရာကို အကျပ်အတည်းကို အဓိကဖန်တီးခဲ့သူအပေါ်  မှီတည်နေခြင်းသည် ထင်ယောင် ထင်မှား ဖြစ်နေခြင်းပင်။ 

ယင်းလုပ်ရပ်သည် အပြစ်ဒဏ်မှ အပြည့်အဝကင်းလွတ်ခွင့်နှင့်အတူ စစ်အုပ်စု၏ ရက်စက်ကြမ်း ကြုတ်မှုများကို ဆင်သေကိုဆိတ်သားရေဖြင့်ဖုံးပေးသည့်နှယ် မသင်္ကာစရာ ကတိတစ်ခုကို ဖြစ်လာ စေရုံသာမက စစ်အာဏာရှင်စနစ်ကို နိဂုံးချုပ်ပေးရန် မြန်မာပြည်သူများ၏ တောင်းဆိုမှုကို လျစ်လျူ ရှုခြင်းလည်းဖြစ်သည်။

အဆိုပါအစီအစဥ်ကို အားပေးသူနှင့် ထောက်ခံသူများသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ နှင့် မြန်မာပြည်သူများကို ဘေးဒုက္ခပေးရာ၌ ကြံရာပါဖြစ်သွားစေနိုင်သည့် အခြေအနေရှိသည်။

(Adelina Kamal သည် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် အာဆီယံပူးပေါင်းဆောင်ရွက်ရေးစင်တာ (AHA စင်တာ) ၏ အမှုဆောင် ဒါရိုက်တာဟောင်းဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာမူဝါဒဖွံ့ဖြိုးရေး အမှီအခိုကင်းသော အကဲဖြတ် လေ့လာသူနှင့် ဗျူဟာရေးဆွဲသူတစ်ဦးဖြစ်သည်။)

Show More

Related Articles

Back to top button