အာဘော်
-
ဒီမိုကရေစီရဲ့ကျိုးလွယ်တဲ့အညှာ သို့မဟုတ် လူနည်းစုရဲ့အနိုင်ကျင့်ဗိုလ်ကျမှု
အမေရိကန်နဲ့ နိုင်ငံတချို့မှာ အာဏာရှင်တွေ တည်မြဲရေးအတွက် သာကူးတွေ၊ သံကောင်းဟစ်ခဲ့သူတွေရဲ့ အားဖြည့်ပေးနေမှု အပါအဝင် လူနည်းစုဗိုလ်ကျခွင့်တွေအကြောင်း The Tyranny of the Minority စာအုပ်မှာ လေ့လာနိုင်ပါတယ်။
-
ကြက်ခြေနီအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပေးတွေ့ခြင်းသည် စစ်အစိုးရ သဘောထားပြောင်းခြင်း မဟုတ်ဘဲ အကွက်ရွှေ့မှုသာဖြစ်
စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးခြင်းသည် ၎င်းအား နိုင်ငံတကာက ပိုမိုထောက်ခံလာစေရေး အလွယ်ကူအသက်သာဆုံး နည်းလမ်းသာဖြစ်ပြီး၊ ၎င်း၏ အတိုက်အခံများအပေါ်ကိုထားသည့် တင်းမာသော သဘောထား စတင်ပြောင်းလဲလာသည့် လက္ခဏာလုံးဝမဟုတ်ပါ။
-
“တချို့ စစ်ဆင်ရေး ဒေသတွေမှာ စစ်တပ်ထိုးစစ်ကို တန်ပြန်ထိုးစစ်နဲ့ ရိုက်ချိုးနိုင်ခဲ့တယ်” – မင်းလတ်ဥက္ကာ (စစ်ဦးစီးချုပ်၊ SAF)
စစ်တပ်က ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့အနီးအထိ တော်လှန်ရေးတပ်များ ရောက်မလာစေရန်နှင့် ၎င်းတို့ အရှက်တကွဲ လက်လွှတ်ခဲ့ရသော အမ်းအခြေစိုက် နပခ ကို ပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းနေသလို တစ်နိုင်ငံလုံးအနှံ့ လူလှိုင်းစစ်ဆင်ရေးလုပ်နေသည်ဟု SAF က ဆိုသည်။
-
ထရမ့် – ရှီ တည်ငြိမ်ရေးနဲ့ ကျားသနားမှ နွားချမ်းသာမယ့် မြန်မာ့အရေး
တရုတ်က မြန်မာ့အရေး စိတ်ကြိုက် ခြယ်လှယ်နေတာကို အမေရိကန်က ဆက်ပြီး လျစ်လျူရှုနေမယ်ဆိုရင် ထရမ့်နဲ့ရှီတို့ရဲ့ “အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေး” ဆိုတာ မြန်မာ့အနာဂတ် ဆိုးကျိုးဖြစ်စေမယ့် မဟာဗျူဟာမြောက် ကျော့ကွင်းသစ် ဖြစ်လာပါလိမ့်မယ်။
-
ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တကျော့ပြန် လူထုအုံကြွမှု ဖြစ်လာမည်လား
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးခေတ် တစ်လျှောက်လုံး အာဏာရှင်များကို အကျပ်ရိုက်စေခဲ့သည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပေါ်ပေါက်ရသည့် လူထုအုံကြွပေါက်ကွဲမှုပင် ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုအလွန် ငါးနှစ်အတွင်း စံချိန်တင် ငွေတန်ဖိုးကျဆင်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စစ်အုပ်စုသည် ထိုအခြေအနေဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြမည်မှာ အသေအချာဖြစ်သည်။



