-
သတင်း
MNDAA နှင့် ရှမ်းအဖွဲ့အစည်းများအကြား ဆက်ဆံရေး တင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်
ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းတပ်နှင့် အခြားအစုအဖွဲ့များ ပါဝင်သော ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) က ဒေသခံများ၏ ယဉ်ကျေးမှုနှင့် အကျိုးစီးပွားထိခိုက်နေရသည်ဟု ပြောဆိုမှုကို MNDAA က တင်းတင်းမာမာ တုံ့ပြန်ခဲ့၍ စစ်ပွဲများ တကျော့ပြန် ပေါ်ပေါက်လာမည်ကို ဒေသခံများ…
-
သတင်း
ထိုင်းရှိ CI စခန်းများတစ်ဦးတည်းလုပ်ပိုင်ခွင့် စစ်တပ်နှင့်နီးစပ်သည့်ကုမ္ပဏီ ဆက်တိုက်ရနေ
အလုပ်သမားဝန်ကြီးဌာန တင်ဒါရွေချယ်ရေးအဖွဲ့က CI ထုတ်ပေးရေးလုပ်ငန်းစဉ်အတွက် သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီသော ကုမ္ပဏီများကို စနစ်တကျရွေးချယ်ရလေ့ရှိသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်နှင့် ဆွေမျိုးတော်စပ်သူဟု အမည်ထွက်သည့် United KMK ကုမ္ပဏီ တစ်ခုတည်းကသာ ဆက်တိုက်ရရှိနေသည်။
-
သတင်း
အမေရိကန်ဒေါ်လာ သန်း ၃၀ တန်သည်ဆိုသည့် တောင်ကြီးမြို့ရှိ Tuscan Village Taunggyi သည် ခွင့်ပြုချက်မဲ့ အိမ်ရာစီမံကိန်းဖြစ်နေ
စျေးကွက်ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ကြေးရှိသည်ဆိုသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးရှိ Tuscan Village Taunggyi သည် ခွင့်ပြုချက်ရထားသည့် အိမ်ရာစီမံကိန်းမဟုတ်ကြောင်း Myanmar Now ကစုံစမ်းတွေ့ရှိထားသည်။
-
သတင်း
အာဆီယံအထူးကိုယ်စားလှယ် မြန်မာရောက်နေ
အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုသည် နှစ်ရက်ကြာခရီးစဉ်အဖြစ် ယနေ့ (အောက်တိုဘာလ ၂၈ ရက်)တွင် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန် အဓိကထား လုပ်ဆောင်မည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက…
-
သတင်း
TNLA ကိုကူညီမှုဖြင့် နောင်ချိုမြို့မဗလီကို ပြည်သူပိုင်သိမ်း၊၊ ဘာသာရေးဆရာ၂ ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်
“၁၀၂၇” စစ်ဆင်ရေးကာလအတွင်း တအာင်းတပ် TNLAနှင့် တော်လှန်ရေးအဖွဲ့များကိုကူညီခဲ့သည်ဟု စစ်တပ်က စွပ်စွဲချိပ်ပိတ်သိမ်းဆည်းထားသည့် နောင်ချိုမြို့မဗလီအား ပြည်သူပိုင်အဖြစ်သိမ်းရန် ကျောက်မဲခရိုင်တရားရုံးက အမိန့်ချခဲ့ပြီး ဗလီ ဂေါပကအဖွဲ့ နှစ်ဦးအား နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်သည်။



