-
သတင်း
ကချင် ခေါင်လန်ဖူးပြည်သူ့စစ် အရာရှိအပါအဝင် ၃ ဦးကို ဖမ်းမိ၊ KIA ထံ လွှဲပေးမည်
နိုင်ငံမြောက်ဖျား မြန်မာနှင့် တရုတ်နယ်စပ်ရှိ တန်ဖိုးကြီး မြေရှားသတ္တုထွက်သော ခေါင်လန်ဖူးဒေသကို KIA ထံ လက်မလွှတ်ရရေး စစ်တပ်အတွက်အရေးပါသဖြင့် ယမန်နှစ်ဆန်းပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပေါ်နေသည်။
-
သတင်း
စီးပွားရေးမြို့တော် ရန်ကုန်တွင် ကျားဖြန့်တရုတ်များ၏ အခြေချလုပ်ငန်းများ ဖမ်းမိ
နိုင်ငံတကာဖိအားကြောင့် ဖြိုခွင်းခံလိုက်ရသော နယ်စပ်အခြေပြု ကျားဖြန့်များက ရန်ကုန် အပါအဝင် မြို့ကြီးများသို့ ပျံ့နှံ့ရောက်ိရှိသွားရာ စစ်တပ်က လိုက်လံဖမ်းဆီးမှုများကို လုပ်ဆောင်နေပြီး မကြာသေးမီက လူစည်ကားသည့် သာကေတမြို့နယ်တွင် အခြေပြုနေသူများကို ဖမ်းဆီးလိုက်သည်။
-
သတင်း
ရခိုင်တွင် စစ်ရှောင်စခန်း ဗုံးကြဲခံရ၊ စစ်ရေယာဉ်များက AA နယ်မြေအတွင်းဝင်၍ တံတား မိုင်းခွဲ
ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူတစ်ထောင်ကျော် ခိုလှုံနေထိုင်သော “ဗျာလ” စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် ၁၂ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရသွားခဲ့ပြီး နောက်တစ်နေ့တွင် စစ်ရေယာဉ်များက AA ထိန်းချုပ်သည့် ရမ်းဗြဲမြို့နယ်အတွင်းဝင်ရောက်၍ တံတားနှစ်စင်းကို မိုင်းဖောက်ခွဲသွားသည်။
-
သတင်း
စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားပြုခွင့် ဆက်ပိတ်ပင်ရန် မနီလာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်
မြန်မာစစ်အုပ်စု၏ နိုင်ငံရေးအဆင့် ကိုယ်စားပြုခွင့်ကို ဆက်လက်ပိတ်ပင်ထားရန် အာဆီယံက ဆုံးဖြတ်လိုက်သော်လည်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု တိုးတက်လာပါက ဆက်ဆံရေး အဆင့်လိုက်တိုးမြှင့်နိုင်မည့် လမ်းကို ဖွင့်ထားသည်။
-
သတင်း
စစ်တောင်းမြစ်အရှေ့ခြမ်းတွင် တော်လှန်ရေးစခန်းများကျပြီးနောက် တိုက်ပွဲဆက်ပြင်းထန်
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ရွှေကျင်မြို့နယ်တို့ ထိစပ်ရာ နယ်မြေရှိ တော်လှန်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်တပ်က ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် KNU၊ PDF ပူးပေါင်းတပ်များက တုံ့ပြန်တိုက်ခိုက်နေ၍ ဒေသတွင်း စစ်ရေးပြင်းထန်နေသည်။



