-
သတင်း
ရှေးဟောင်းမြို့တော် မြောက်ဦးရှိ မူလတန်းကျောင်း ဗုံးကြဲခံရပြီး ၂ ဦးသေဆုံး
စစ်လေယာဉ်က ဘုရားပုထိုးများပေါများသည့် မြောက်ဦးမြို့အရှေ့ဘက် မူလတန်းကျောင်းကို ညအချိန် ဗုံးကြဲခဲ့စဉ် အနီးရှိနေအိမ်များမှ တက္ကသိုလ်ကျောင်းသား/သူ နှစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ရှစ်ဦး ဒဏ်ရာရသွားကြသည်။
-
သတင်း
လျှပ်စစ်မီးမှန်ရန် အနည်းဆုံးနောက်ထပ် နှစ် ၂၀ စောင့်ရမည်ဟု စစ်တပ်ခန့်ဒုဝန်ကြီးပြော
လျှပ်စစ်မီးသုံးစွဲသူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် မထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ၏ လျှပ်စစ်ဒုဝန်ကြီးက ဝန်ခံခဲ့ပြီး တရက်လျှင် ၂၄ နာရီလျှပ်စစ်မီး ရရန်အတွက် နှစ်၂၀ ခန့်ကြာမည့် လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေး စီမံချက်များကို စောင့်ရမည်ဟုဆိုသည်။
-
သတင်း
သမ္မတအရေခြုံ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် အာဆီယံဆက်ပိတ်ပင်
နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မရသေးဘဲ စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦးကိုသာ သွားရောက်ခွင့်ရထားသည်။
-
သတင်း
နမ့်ခမ်းမြို့နယ်အရေး MNDAAနှင့် TNLA ပဋိပက္ခပြန်ဖြစ်မည်ကို ဒေသခံများ စိုးရိမ်
“ ၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မဟာမိတ်အနေဖြင့် အတူလက်တွဲ လှုပ်ရှားခဲ့ကြသည့် TNLAနှင့် MNDAA တို့အကြား နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အငြင်းပွားမှုတွင် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
-
သတင်း
မော်လူးမြို့အနီး တိုက်ပွဲတွင် စခန်းနှင့်သုံ့ပန်းများရ၊ အရပ်သား သေဆုံးမှုများရှိ
စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည့် မော်လူးမြို့တောင်ဘက်အနီး စစ်တပ်စခန်းထိုင်ရာ ရွာသုံးရွာကို KIA၊ KPDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ရေးပြင်းထန်နေပြီး လေယာဉ်ဖြင့် နေ့စဉ်ဗုံးကြဲနေခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည်။



