
မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်လေးခုကို တစ်ပြိုင်တည်းတိုက်ခိုက်ပြီးနောက် တိုက်ပွဲများဆက်နေကာ ကျေးရွာအများအပြားကို စစ်တပ်ဘက်က မီးရှို့သွားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ စစ်ကောင်စီတပ်လက်ချက်ဖြင့် ဆင်ချောင်း(တောင်)ရွာ၊ ဆင်ချောင်း(မြောက်)ရွာ၊ ကိုင်းရွာ၊ ရန္တပိုရွာနှင့် ညောင်ရွာတို့မှ နေအိမ်ပေါင်း ၃၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။