အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်တပ်ပြိုလဲနေချိန် ဝိုင်းဝန်းတိုက်ခိုက်ကြရန် မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့ ဖိတ်ခေါ်

လွန်ခဲ့သော ၂ လကျော်ခန့်က မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် အင်အားစုက မွန်ပြည်နယ်၊ ကျိုက်မရောနှင့်၊ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည်။ ကျိုက်မရော၊ ကြာအင်းဆိပ်ကြီး၊ မုဒုံနှင့် သံဖြူဇရပ်တို့တွင် စစ်ဒေသ ၄ ခုခွဲ၍ လှုပ်ရှားနေကြသော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) ၏ အဓိကမဟာမိတ်များမှာ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ဖြစ်ကြသည်။ ၂ လကျော်အတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်းတိုက်ပွဲနှင့် ရင်ဆိုင်တိုက်ပွဲ ဆယ်နှင့်ချီကာ ပါဝင်တိုက်ခိုက်ပြီးဖြစ်သည့် ထိုအဖွဲ့က စစ်သည်အင်အား အတိအကျမပြောသော်လည်း အများအပြား တိုးတက်လာသည်ဟု ဆိုသည်။ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ကာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်သောသော မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) ၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များအပါအဝင် လတ်တလော စစ်ရေးအခြေအနေများကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တည်းဖြတ် – စောရယ်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles