အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုထမ်းသင်္ကြန်နှင့် တစ်ချိန်က လွမ်းစရာသင်္ကြန်များ

ပျော်စရာဆိတ်သုဉ်းဦးမည့် စစ်သဏ္ဌာန်၊ စစ်သင်္ကြန်နှင့် တစ်ချိန်က လွမ်းစရာသင်္ကြန်များ

အတာသင်္ကြန်နေ့ရက်တွေဟာ ခွင့်ရက်ရှည်ရုံးပိတ်ရက်တွေဖြစ်လို့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ အနားယူကြ၊ မွေးရပ်မြေအသီးသီးကို ပြန်ကြပါတယ်။ လူငယ်တွေကတော့ သင်္ကြန်မတိုင်ခင်ကတည်းက ပျော်ပျော်ပါးပါးလည်ပတ်ဖို့ အစီအစဉ်တွေ အပြည့်နဲ့ပါပဲ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တစ်ကျော့ပြန်အာဏာသိမ်းမှုအပြီးမှာတော့ သင်္ကြန်မှာ အပူပင်မဲ့ ကခုန်နေတဲ့ လူပင်လယ်ကြီးတွေကို မမြင်ရတော့တာ ၄ နှစ်ရှိပါပြီ။ ဒီနှစ်မှာတော့ တန်ခူးနွေဟာ အရင်နှစ်တွေထက် ပိုပူနေပါတယ်။ မကြုံစဖူး အင်အားပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ အတာမကူးခင် အာဏာရှင်ဘဝမကူးရအောင် အရွယ်ကောင်းလူငယ်အားလုံးကို စစ်ပွဲထဲ ဆွဲထည့်နေလို့ဖြစ်ပါတယ်။ အရပ်သားတွေကို စစ်ထဲ မဝင်မနေရစနစ် သတ်မှတ်လိုက်တဲ့ စစ်ကောင်စီဟာ ဆင့်ခေါ်ထားတဲ့သူတွေကို သင်္ကြန်မတိုင်ခင် တစ်ပတ်အလို ဧပြီလ ၈ ရက်နေ့ကစပြီး နိုင်ငံတစ်ဝန်းမှာ စစ်သင်တန်းတွေ စတင်ပို့ချနေပါပြီ။ ဒီလိုအချိန်ကာလမှာ ကျရောက်တဲ့ သင်္ကြန်ပွဲဟာ မြန်မာပြည်သူအများစုအတွက်ကတော့ ပူပန်မှုတွေနဲ့ ဖြတ်သန်းကြရမှာပါ။ သတင်း – ဟန်သစ်၊ အောင်ဇေ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button