သတင်း

မြိုင်ကလေး ကျောက်မီးသွေးသုံးစက်ရုံ ဆန့်ကျင်သူကို အစိုးရကတရားစွဲထား

ကရင်ပြည်နယ်ရှိ အငြင်းပွားစရာ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသူများထဲတွင် ထင်ရှားသူတစ်ဦးဖြစ်သည့် စောသာဘိုးကို ဘားအံမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး နှစ်နှစ်အထိ ထောင်ချနိုင်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅()ဖြင့် အမှုဖွင့်တရားစွဲထားသည်ဟု ၎င်း၏မိခင်အဖွဲ့အစည်းက Myanmar Now ကိုပြောသည်။

စောသာဘိုးအပေါ် အစိုးရအားအကြည်ညိုပျက်အောင်လုပ်ဆောင်မှုဖြင့် စွဲဆိုထားသည့်အမှုအား ပိတ်သိမ်းပေးရန်နှင့်အမှုမပိတ်ပေးပါက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု မာတာ အဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့ပေါင်း ၃၀၀ ကျော်ကမတ် တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA-မာတာ) ကရင်ပြည်နယ်ဒုတိယတာဝန်ခံ စောသာဘိုးသည် ဇန်နဝါရီ ၁၇ က ဘားအံမြို့နယ် နတ်ကုန်းကျေးရွာ၌ ပြုလုပ်ခဲ့သည့်ဆုတောင်းပွဲတစ်ခုနှင့်ပတ်သက်ပြီး ယင်းသို့တရားစွဲခံထားရခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော မြိုင်ကလေးဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးလောင်စာ အသုံးပြုလည်ပတ်မှုကြောင့် အနီးဝန်းကျင်သောက်သုံးရေကန်များရှိ ရေများ အရောင်ပြောင်းလဲခြင်းများ ရှိနေသည်ဆိုသော ယုံကြည်မှုဖြင့် ကျောက်မီးသွေး အသုံးပြုမှုကို ရပ်တန့်ရန် ဒေသခံများက ပြီးခဲ့သည့်နှစ်များကတည်းက ကန့်ကွက် ခဲ့ကြပြီး ဇန်နဝါရီ ၁၇ တွင် နတ်ကုန်းကျေးရွာထိပ်မှ ဘိုးဘိုးကြီးနတ်နန်းတွင် ကျေးရွာပေါင်း ၂၇ ရွာမှ ဒေသခံ ၈၀၀ ခန့်ကယင်းစီမံကိန်းရပ်တန့်ရေး ဆုတောင်းပွဲလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းဆုတောင်းပွဲတွင် ဦးဆောင်ပါဝင်သည်ဆိုကာ စောသာဘိုးကို အစိုးရက တရားစွဲဆိုခြင်းဖြစ်ပြီး မတ် ၂၀ တွင် ဘားအံမြို့နယ်တရားရုံး၌ ပုဒ်မ ၅၀၅ ()ဖြင့် တရားစွဲတင် စစ်ဆေးမည်ဖြစ်ကြောင်း မာတာအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။သို့သော် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးထံမှ သီးခြားအတည်ပြုချက် မရရှိပေ။ မတ် ရက်တွင် စောသာဘိုး၏နေအိမ်ကို ရဲက အင်အားသုံးကာ ဝင်ရောက်စီးနင်းပြီး ၎င်းကိုရှာဖွေခဲ့ကြောင်းလည်း အရပ်ဘက်အဖွဲ့များကဆိုသည်။

မနေ့ကမှ ပထမဆုံးရုံးချိန်းစခေါ်တယ်။ သူတို့ဘာသာသူတို့ပဲ အမှုတင်သွားတယ်။ ကျန်တာ ဘာမှဆက်လုပ်လို့ မရသေးဘူး။ နောက်ရုံးချိန်းကတော့ ၂၀ ရက်နေ့ ခေါ်ထားတယ်ဟု မာတာအဖွဲ့ အတွင်းရေးမှူး ကိုနိုင်လင်းထွဋ်က ပြောသည်။

စောသာဘိုးမှာ လက်ရှိတွင် ခရီးထွက်နေဆဲဖြစ်သည်ဟု MATA အဖွဲ့က ဆိုသည်။ Myanmar Now အနေဖြင့် စောသာဘိုးကို ဆက်သွယ်သော်လည်း မရခဲ့ပါ။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် စောသာဘိုးနေအိမ်ကို မတ် ညပိုင်းတွင် ရဲအင်အားအလုံးအရင်းဖြင့်ဝင်ရောက်ရှာဖွေခဲ့သည့် ဖြစ်ရပ်မှာ စစ်အာဏာရှင်အမူအကျင့်အား လက်ခံကျင့်သုံးသည့် လုပ်ရပ်ဖြစ်ပြီးပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖော်ပြထားသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သို့အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ () သည် အစိုးရကို သို့မဟုတ် နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင် လုပ်ခြင်းကို တားမြစ်သည့်ပုဒ်မဖြစ်ပြီး အများဆုံးထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်ပါ ချမှတ်နိုင်သည်။

သို့သော် ရေအရောင်ပြောင်းလဲခြင်းမှာ ကျောက်မီးသွေးကြောင့်မဟုတ်ဘဲ သဘာဝဖြစ်စဉ်ကြောင့်သာဖြစ်ပြီး သောက်သုံးရန်သင့်တော်ကြောင်း စမ်းသပ်ချက်ရလဒ်များကို ကိုးကားပြီး ကရင်ပြည်နယ်အစိုးရက ပြောကြားထားသည်။

Show More

Related Articles

Back to top button