-
သတင်း
မြင်းခြံခရိုင် တော်လှန်ရေးအဖွဲ့အချင်းချင်း လက်နက်ခဲယမ်း ရောင်းဝယ်မှုမပြုရန် NUG တားမြစ်
တော်လှန်ရေးအဖွဲ့များအကြား ကျည်မှောင်ခိုရောင်းချမှုများ မရှိရန်နှင့် နောက်ဆက်တွဲ ကိစ္စရပ်များ မပေါ်ပေါက်လာစေရန် ကြိုတင်တားဆီးသည့်အနေဖြင့် တားမြစ်ခြင်းဖြစ်ပြီး ဖောက်ဖျက်ပါက ကြီးလေးစွာ အရေးယူမည်ဟု ဆိုသည်။
-
သတင်း
ရခိုင်ကို ထိုးဖောက်လိုသည့် စစ်တပ်က နယ်မြေထိစပ်နေသည့် မင်းတုန်းတွင် ဗုံးကြဲ၊ ၃ ဦး သေဆုံး
အာရက္ခတပ်တော်ထံ နယ်မြေအများစု လက်လွှတ်ထားရသည့် စစ်တပ်က နယ်မြေထိစပ်နေသည့် မကွေးတိုင်း- ယော- ချင်းတောင်ပိုင်းတို့မှတဆင့် ထိုးဖောက်နေရာ စက်တပ်လေထီးများဖြင့် ဗုံးကြဲမှုကြောင့် တစ်ပတ်အတွင်း မင်းတုန်းဒေသခံ သုံးဦး သေဆုံးခဲ့သည်။
-
သတင်း
စစ်ကိုင်းတိုင်းတွင် မဟာစည်ဘုန်းကြီးကျောင်းနှင့် ကျေးရွာတို့ တိုက်ခိုက်ခံရ၊ ၆ ဦး သေဆုံး
စစ်တပ် ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် ဘာသာရေးအဆောက်အအုံများနှင့် ကျေးရွာများ ပါဝင်နေရာ ရွှေဘိုနှင့်ဝက်လက်၌ နှစ်ရက်အတွင်း အရပ်သားခြောက်ဦး သေဆုံးပြီး နှစ်ဒါဇင်နီးပါး ဒဏ်ရာရခဲ့သည်။
-
သတင်း
ဒီပဲယင်း မူးကမ်းကြီးရွာကို စစ်တပ်ဗုံးကြဲ၊ အရပ်သား ၄ ဦးသေဆုံး
ဗုံးသည်နေအိမ်တစ်ခုပေါ်ကိုကျခဲ့ပြီးနောက် အသက် ၅၀ အရွယ်ခန့် အမျိုးသမီးနှင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
-
သတင်း
စစ်ကြောင်းနှင့်တိုးစဉ် ဖမ်းဆီးခံခဲ့ရသည် မကွေးဒေသခံ ၁၂ ဦး၏ ရုပ်ကြွင်းများ သုံးနှစ်အကြာတွင် ပြန်တွေ့
မြိုင်မြို့နယ် ဂွေးကုန်းရွာအပါအဝင် အနီးအနားရွာတို့မှ အမျိုးသားတစ်ဒါဇင်ကို စစ်ကြောင်းက ၂၀၂၃ ခုနှစ်အတွင်း ဖမ်းခေါ်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။ ၎င်းတို့ သတ်ခံလိုက်ရမှန်း သိခဲ့ရသော်လည်း မှိုရှာသွားသူတစ်ဦးကိုအကြောင်းပြု၍ မြှုပ်နှံရာနေရာကို အမှတ်မထင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။



