အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွှတ်တော်တွင်းမဲခွဲပြီး ခြေဥပြင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခြင်းကို အတည်ပြု

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ” ကို ပြည်တော်စုလွှတ်တော်တွင်း ပြီးခဲ့သည့် ယနေ့နံနက်ပိုင်းတွင် မဲခွဲအတည်ပြုလိုက်သည်။

မဲပေးခွင့်ရှိသူ ၅၉၄ ဦးရှိသည့်အနက် ၃၈၉ ဦးက ထောက်ခံခဲ့သည့်အတွက် ကော်မတီဖွဲ့စည်းခြင်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ချက်မယူမီ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးအပါအဝင် လွှတ်တော်အမတ်တချို့က လွှတ်တော်တွင်း ဆွေးနွေးရန် မတ်တတ်ရပ် တောင်းဆိုခဲ့သော်လည်း လွှတ်တော်နာယက က ၎င်းတို့ တောင်းဆိုမှုကို ပယ်ချခဲ့သည်။

လွှတ်တော်တွင်း ကိုယ်စားလှယ်ဦးရေ အနည်းအများလိုက် အချိုးကျစနစ်ဖြင့် ဖွဲ့စည်းမည့် ယင်းကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် တပ်ကိုယ်စားလှယ်များသည် ကော်မတီတွင်းပါဝင်မည့် ကိုယ်စားလှယ် အမည်စာရင်းကို မတင်သွင်းသေးကြောင်း လွှတ်တော်နာယက က ပြောသည်။ ၄၅ ဦးပါ ကော်မတီတွင် ပြည်ခိုင်ဖြိုးက ၂ နေရာနှင့် တပ်ကိုယ်စားလှယ်များက ၈ နေရာရမည် ဖြစ်သည်။

ယင်းကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာပြီး ပြင်ဆင်ရန်လိုအပ်သည့် အချက်များကို အစီရင်ခံစာရေးသားရမည် ဖြစ်သည်။ ယင်းအစီရင်ခံစာကို လွှတ်တော်တွင်း ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ခုကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ကော်မတီတစ်ခုဖွဲ့ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က တင်သွင်းသည့် အဆိုကို လွှတ်တော်က ဖေဖော်ဝါရီလဆန်းတွင် လွှတ်တော်က မဲခွဲအတည်ပြုပြီးနောက် ကော်မတီကို လွှတ်တော်တွင်း မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button