အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အ​မေရိကန်၊ ဗြိတိန်နှင့် အီးယူက NUG ကို​ ကြိုဆိုထောက်ခံ 

အမေရိကန်၊ ဗြိတိန်အပါအဝင် အီးယူအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကြိုဆိုထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မည်ဟု ​ပြောကြား​ကြောင်း NUG က ယနေ့ (ဧပြီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဒုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများနှင့် တွေ့ဆုံကာ ၎င်းတို့အစိုးရ၏ မူဝါဒများ၊ အစိုးရက ဆောင်ရွက်မည့် ရေတိုရေရှည်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့သည့် အထက်ပါအစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အီးယူသံအမတ်ကြီးဦးဆောင်သော ဂျာမနီ၊ ပြင်သစ်၊ ချက်၊ ဆွီဒင် စသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သံအမတ်ကြီးများက အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းကို ကြိုဆိုထောက်ခံကြောင်း၊ ဆက်လက်၍ လိုအပ်သည့် လုပ်ငန်းများတွင် အကူအညီပေးပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ သံတမန်ရေးတွေ့ဆုံဆွေးနွေးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဌာနက ဦးဆောင်ကာ ဆက်လက်ပြုလုပ်သွားမည်ဟု ဆိုသည်။

အထက်ပါ တွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်တို့ တက်ရောက်ရှင်းလင်းခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button