စစ်တပ်ရဲ့ စစ်မှုထမ်းစနစ်နဲ့ တရားဥပဒေစိုးမိုးရေး အားနည်းလာမှုကြောင့် လူပျောက်ဆုံးမှုတွေ မြင့်တက်လာသလို၊ ပျောက်ဆုံးသူတွေကို ပြန်ရှာနေတဲ့ မိသားစုတွေရဲ့ မျှော်လင့်ချက်ကို အခွင့်ကောင်းယူပြီး ငွေညှစ်လိမ်လည်တဲ့ ကွန်ရက်တွေလည်း ကြီးထွားလာနေပါတယ်။
Myanmar Now က တိုက်ရိုက်ဆက်သွယ် စုံစမ်းခဲ့တဲ့ မိသားစု ၈ စုရဲ့ ပြောကြားချက်အရ လိမ်လည်သူတွေဟာ လူပျောက်ကြော်ငြာတွေကို စောင့်ကြည့်ပြီး စစ်တပ်အရာရှိ၊ PDF တပ်ဖွဲ့ဝင် စတဲ့ နာမည်တွေကိုသုံးပြီး “ဆေးစစ်ချက် မကျအောင် ကူညီပေးမယ်”၊ “လူကို တွေ့ထားလို့ ပြန်ပို့ပေးမယ်” ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သိန်းဆယ်ချီ ငွေတောင်းခံနေကြပါတယ်။ ငွေလွှဲပေးလိုက်တဲ့နောက် အဆက်အသွယ်ဖြတ်တောက်သွားတာကတော့ ဖြစ်စဉ်အများစုမှာ တူညီနေတဲ့ ပုံစံဖြစ်ပါတယ်။
Myanmar Now ရဲ့ ဒီစုံစမ်းဖော်ထုတ်ချက်မှာ လူပျောက်မိသားစုတွေ ဘယ်လိုပစ်မှတ်ထားခံနေရသလဲ၊ လိမ်လည်သူတွေ ဘယ်လိုနည်းလမ်းတွေနဲ့ ငွေညှစ်နေကြသလဲ၊ စစ်တပ်ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ တုံ့ပြန်မှုက ဘယ်လိုရှိသလဲဆိုတာကို အသေးစိတ် တင်ဆက်ထားပါတယ်။
သဇင်လှိုင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



