နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ထားရပြီး ငယ်ရွယ်တက်ကြွသည့် ခေတ်ပညာတတ် တော်လှန်ရေးတပ်သားများနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် စိတ်ဓာတ်ပိုင်း၊ ရုပ်ဝတ္ထုပိုင်းတွင် အဘက်ဘက်က ကျရှုံးနေပြီး ၎င်းတို့၏ အခြေစိုက် စခန်းများကို အလွယ်တကူပင် စွန့်လွှတ် အညံ့ခံနေကြသည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ်အကြာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်မြှင့်လာပြီးနောက် စစ်ကောင်စီတပ်အတွင်း စိတ်ဓာတ်ကျ ဖရိုဖရဲဖြစ်ကာ တပ်ရင်းတစ်ခုလုံး လက်နက်ချအညံ့ခံမှုအထိ ရှိလာသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ က အင်အား ၁၂၇ ဦး ပါဝင်သည့် လောက်ကိုင်အခြေစိုက် ၁၂၉ ခြေမြန်တပ်ရင်းမှ တပ်ရင်းတစ်ခုလုံး လက်နက်ချ အညံ့ခံပြီးနောက်တွင် ရှေ့တန်းရောက် စစ်မြေပြင်ရှိ စစ်ကောင်စီတပ်သား စိတ်ဓာတ်ပျက်ပြားမှု ပိုမိုပေါ်လွင်လာပြီး ကျည်မဖောက်ရသည့် စခန်းသိမ်းတိုက်ပွဲများ နေ့စဉ် ပေါ်ပေါက်လာသည်။ ရှေ့တန်းတပ်စခန်းများတွင် တာဝန်ထမ်းဆောင်နေရသည့် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ တပ်ရင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးများ အားလုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ဦးဆောင်မှုတို့ကို အယုံအကြည်မရှိတော့ဘဲ တိုက်ခိုက်လိုစိတ်မရှိတော့သည်ကို အထင်အရှား မြင်တွေ့နေရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောခွင့်ရသူ ဦးမောင်မောင်ဆွေကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – ဆွေဝင်း
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



