အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စားစရာအတွက် “ကြက်တိုက်ပွဲ” လို လုနေရတဲ့ ဗင်နီဇွဲလားငလျင် နောက်ဆက်တွဲ ငရဲခန်း

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ  ပြင်းအား ၇ နဲ့အထက်ရှိတဲ့ ဖျက်အားပြင်း ငလျင်နှစ်ခု ဆက်တိုက်နီးပါး လှုပ်ခတ်ခဲ့တာ တစ်ပတ်ကျော်လာတဲ့ အချိန်မှာတော့ သေဆုံးသူ ၂၃၀၀ နီးပါးရှိလာပြီး ပျောက်ဆုံးနေသူပေါင်း ၅၀,၀၀၀ နီးပါးအထိ ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ငလျင်ဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ La Guaira မြို့မှာတော့ ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေရဲ့ နံရံပေါ်မှာ မှုတ်ဆေးနဲ့ မှုတ်ထားတဲ့ အင်္ဂလိပ်အက္ခရာ D ဆိုတဲ့ စာလုံးအများအပြားကို တွေ့မြင်နေရပါတယ်။

D ဆိုတဲ့ စကားလုံးကတော့ Deceased ကို ရည်ညွှန်းပြီး သေဆုံးသူများသာ ရှိတော့သည်လို့ အဓိပ္ပါယ်ရပါတယ်။ D စာလုံးနဲ့ မှတ်သားထားတဲ့နေရာတွေမှာ အသက်ရှင်ကျန်ရစ်သူ မရှိတော့ဘဲ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း လက်လျော့လိုက်ပြီဆိုတဲ့ ကြေကွဲဖွယ် မြင်ကွင်းလည်း ဖြစ်ပါတယ်။

ရေနံပေါကြွယ်ဝပေမဲ့လည်း ဆယ်စုနှစ်နဲ့ချီပြီး စီးပွားရေးအကျပ်အတည်း၊ လမ်းတံတားနဲ့ ကျန်းမာရေးစနစ်တွေ ယိုယွင်းနေခဲ့တဲ့ ဗင်နီဇွဲလားအတွက် အခုကပ်ဘေးကြောင့် အဆောက်အအုံပေါင်း ၅၈,၈၇၀ ခုအထိ ပြိုကျ ပျက်စီးသွားခဲ့တယ်လို့ အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ ဂြိုဟ်တုအချက်အလက်များက ဆိုပါတယ်။

ငလျင်ကြောင့် ဒဏ်ရာရရှိသူ ၁၁,၀၀၀ ကျော်ရှိပြီး လူပေါင်း ၁၃,၀၀၀ နီးပါးမှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟိုဟေ ရိုဒရီဂွက်ဇ်က ပြောပါတယ်။

လတ်တလောမှာ ရိက္ခာနဲ့ သောက်ရေ ရှားပါးနေပြီး ဗင်နီဇွဲလားပြည်သူတွေဟာ အကူအညီများရဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ လူတန်းကြီးဟာလည်း တစ်ရက်ထက် တစ်ရက် ပိုမိုရှည်လျားလာနေတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ 

ငလျင်ဘေးဒဏ်သင့်ပြည်သူ အများအပြားဟာ စေတနာ့ဝန်ထမ်းတွေရဲ့ ကူညီဖေးမမှုနဲ့ ပြည်သူအချင်းချင်း မျှဝေလှူဒါန်းကြတဲ့ ပစ္စည်းများအပေါ်မှာသာ မှီခိုနေကြရပါတယ်။

လာဂွိုင်ရာမြို့ အရေးပေါ်ကယ်ဆယ်ရေးစခန်းတစ်ခုမှာ ရိက္ခာရယူဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အသက် ၁၈ နှစ်အရွယ်ဒေသခံတစ်ဦးကတော့ “ဒီမှာ ပစ္စည်းတွေ ဝေတော့ ဝေပေးကြပါတယ်။ 

ဒါပေမဲ့ တစ်ခါတလေကျရင် စားစရာရဖို့ လူတွေတစ်ယောက်နဲ့တစ်ယောက် အသေအလဲ လုနေကြရတယ်။ တကယ့်ကြက်တိုက်ပွဲ ကျနေတာပဲ” လို့ သူကြုံခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ ဘေးသင့်ပြည်သူ ငါးသိန်းခန့်ကို ၃ လစာ ကျွေးမွေးဖို့ အမေရိကန်ဒေါ်လာသန်း ၅၀ အရေးပေါ် တောင်းခံထားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button