မြန်မာ့ဂီတလောကမှာ ခေတ်တစ်ခုကို ကိုယ်စားပြုခဲ့ပြီး အခုထိ လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ ရှင်သန်နေဆဲဖြစ်တဲ့ Idiots Band ရဲ့ ပင်တိုင်အဆိုတော် ကိုရေမွန် ကွယ်လွန်ခဲ့တာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ၅ နှစ်ပြည့်ခဲ့ပါပြီ။
တော်လှန်ရေးကာလအတွင်း ကိုရေမွန် ကြွေလွင့်သွားခဲ့သလို၊ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းမှာတော့ မူပိုင်ခွင့်အငြင်းပွားမှုတွေကြောင့် နှစ်ပေါင်း ၂၀ နီးပါး သက်တမ်းရှိတဲ့ Idiots Band ကို ဖျက်သိမ်းကြောင်း ကြေညာချက် ထွက်လာခဲ့ပါတယ်။
ကိုရေမွန်နဲ့အတူ Idiots Band ရယ်လို့ ဖြစ်လာအောင် အတူတူဖန်တီးခဲ့ကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ တောထဲအထိ အတူသွားခဲ့တဲ့ Idiots Band ရဲ့ ဒရမ်မာ ကိုဂျပန် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီအင်တာဗျူးမှာတော့ ကိုရေမွန် ကွယ်လွန်ပြီး ၅ နှစ်အကြာ သူငယ်ချင်းတစ်ယောက်အနေနဲ့ ခံစားနေရဆဲ လွမ်းဆွတ်မှုတွေ၊ Idiots Band ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတဲ့ နောက်ကွယ်ကအကြောင်းအရာတွေ၊ ပရိသတ်တွေ မသိသေးတဲ့ ကိုရေမွန်ရဲ့ ဂီတအပေါ် ရူးသွပ်မှုတွေအပြင် ကိုရေမွန် ကွယ်လွန်ပြီးနောက် သမီးငယ်ကိုပါ ဆုံးရှုံးခဲ့ရတဲ့ ကိုဂျပန်တစ်ယောက် ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာပြီး ဘဝကို ဘယ်လိုပြန်လည်ရုန်းကန်ခဲ့ရသလဲဆိုတာတွေကို ရင်ဖွင့်ပြောပြထားပါတယ်။
မေးမြန်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



