အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“မလိုအပ်တဲ့ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ ကျွန်တော်တို့ ဟန့်တားသွားမှာ”

အထူးတိုင်းစစ်ဌာန တစ်ခုကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ စက်တင်ဘာလဆန်းပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်းပေါင်း ၁၄ ခု နဲ့ ဒရုန်းတပ်ဖွဲ့ လေး ဖွဲ့ ပါဝင်တယ်လို့ သိရပါတယ်။ 

အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားမယ့် နယ်မြေတွေထဲမှာ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ခရိုင် နှစ်ခုလည်း ပါဝင်ပါတယ်။ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းဟာ အခုနှစ်ကုန်ပိုင်းအတွင်း စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ့် အဓိကဒေသတွေ ဖြစ်ပါတယ်။ 

သူတို့ရဲ့ စိုးမိုးနယ်မြေတွေသာမက၊ ထိန်းချုပ်နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေအထိ စစ်တပ်ရွေးကောက်ပွဲကို လုပ်ခွင့်မပေးဘဲ အပြည့်အဝ ဟန့်တားသွားမယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် စစ်တပ်အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့ပေါ်က ရွေးကောက်ပွဲတွေကိုလည်း ရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။ 

ရန်ကုန်နဲ့ ပဲခူးတိုင်းထဲမှာလုပ်မယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးတပ်တွေက ဘယ်လောက်ထိ ဆန့်ကျင် ဟန့်တားနိုင်မှာပါလဲ၊ ဒီဒေသတွေမှာ စစ်ရေးအရှိန်မြှင့်ဖို့ရော ရှိပါသလား၊ ဒီအကြောင်းအပါအဝင် လက်ရှိ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး အောင်စံရှား ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – မြတ်ကြီး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button