ဧပြီ ၃၀ ရက်နံနက်တွင် အင်အားနှစ်ရာကျော်ရှိ တပ်မတော်စစ်ကြောင်း တစ်ကြောင်း ရသေ့တောင်မြို့၏ မြောက်ဘက် ကျောက်တန်းရွာသို့ ရောက်ရှိလာခဲ့သည်။
မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဆိုကာ တိုက်ပွဲဝင်နေသော ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများစဖြစ်သည့် ၂၀၁၅ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် ကျောက်တန်းရွာသို့ တပ်မတော်သားများ ဝင်ရောက်လာခြင်းဖြစ်သည်။
AA သည် ရခိုင်ပြည်ရှိ မြို့ရွာများတွင် အရပ်သားများ အသွင်ယူ၍ တပ်မတော်ကို ပြောက်ကျားစစ်ဖြင့် တိုက်ခိုက်နေသည်ဟု တပ်မတော်ဘက်က မကြာခဏ စွပ်စွဲမှုများ ရှိပြီး၊ အကျိုးဆက်အားဖြင့် ရခိုင်ပြည်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး နှင့် ကျောက်တော်မြို့ရှိ ကျေးရွာများတွင် AA သင်္ကာမကင်းဖြစ်သူများကို တပ်မတော်က ဝင်ရောက် ရှာဖွေစစ်ဆေးနေသည်။
ယခုလည်း ထိုရည်ရွယ်ချက်ဖြင့် တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခြင်းဖြစ်ပြီး ရာနှင့်ချီသော ရွာရှိ အရွယ်ရောက်ပြီးသား အမျိုးသားများကို AA နှင့် ပတ်သက်မှု ရှိမရှိ ရက်ပေါင်းများစွာ စစ်ဆေးစဉ် ရွာသား ၇ ဦး သေဆုံးခဲ့ရပြီး၊ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ဆေးမှု ပြီးဆုံးပြီးတွင် ရွာသား ၈ ဦးကို AA နှင့် ပတ်သက်သည်ဟု ဆိုကာ တရားစွဲမည်ဟု တပ်မတော် တာဝန်ရှိသူများက ကြေညာခဲ့ပြီး၊ ကျန်သူများကို ပြန်လည်လွှတ်ပေးခဲ့သည်။
မင်္သကာသော ရခိုင်အမျိုးသားများအား တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတချို့ လွန်ခဲ့သည့်လများက ဖြစ်ပေါ်ခဲ့သော်လည်း မေလ ၂ ရက် ကျောက်တန်း ဖြစ်စဉ်ကဲ့သို့ လူအများအပြား သေနတ်ပစ်ခံရမှုကြောင့် သေဆုံးခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ အဆိုအရ ရွာသားများက အန္တရာယ်ပြုရန် ကြိုးစားမှုကြောင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
သို့သော် ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့သော ရွာသားများနှင့် ၎င်းတို့၏ မိသားစုဝင်များက Myanmar Now ကို ပြောကြားချက်များအရ ရွာသားတို့က တပ်မတော်သားများကို မည်သည့်အန္တရာယ်မျှ ပြုရန် မကြိုးစားခဲ့ကြောင်း၊ စစ်ကြောခံရသူများတွင် ပါဝင်သည့် စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး ကယောင်ကတမ်း ထအော်သည်ကို တပ်မတော်သားတို့က လူအုပ်ထဲသို့ မဆင်မခြင် ပစ်ခတ်ခဲ့ခြင်းကြောင့်သာ လူအများအပြား သေဆုံး ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။
“ ကျောင်းစာသင်ကျောင်း လေးဖက်လေးလံကနေ ဝေါဝေါနဲ့ တရစပ်ပစ်တယ်။ ကျွန်တော်က အပေါ့သွားပြီး ပြန်လာနေတဲ့အချိန်ပေါ့။ ကျွန်တော့်ဘယ်ဘက်ခြေသလုံးနဲ့ လက်ကို ကျည်မှန်တယ်။ ကျွန်တော်က တွားသွားပြီး ကျွန်တော် အိပ်နေတဲ့နေရာကို သွားခဲ့ရတယ်” ဟု ပစ်ခတ်မှုတွင် ဒဏ်ရာရခဲ့ပြီး၊ ယခု ပြန်လည်လွတ်မြောက်လာသူ တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ် အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
ငရဲပွက်ခဲ့သော အော်ဟစ်သံများ
ညနေပိုင်းတွင် ဆရာဝန်တချို့ ရောက်လာပြီး ရုပ်အလောင်းများကို ကျောင်းအတွင်း၌ပင် ရင်ခွဲစစ်ဆေးကြသည်။ နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ကျေးရွာသုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်သည်။
စာသင်ကျောင်းအတွင်း ပစ်ခတ်သည့်ညက ရွာသားများအားလုံး အိမ်တွင်းမှ အိမ်ပြင် မထွက်ရဲကြပေ။ မနက်မိုးလင်းမှသာ သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်များကို သိရသည်ဟု Myanmar Now က တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည် ရွာသားတချို့က ပြောသည်။
တပ်မတော်၏ဖြေရှင်းမှု
မေ ၂ ရက်ပစ်ခတ်မှုအတွက် တပ်မတော်က စုံစမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး လတ်တလောစုံစမ်းမှုများအရ ယခင်ထုတ်ပြန်ချက်အတိုင်းဖြစ်သည့် သေနတ်လုရန်ကြိုးစားမှု၊ လူစုလူဝေးဖြင့် အန္တရာယ်ပေးရန် ကြိုးစားမှုများကြောင့် ပစ်ခတ်ရခြင်းသာဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
စစ်ဆေးမှုရလဒ် အမြန်ဆုံးထွက်ပေါ်လာရန် ကြိုးစားနေပြီး ရက်အနည်းငယ်အတွင်း ပြီးပြတ်ရန် ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“သိပ်မထူးဘူးဆိုရင်တော့ ထုတ်ပြန်ချင်မှ ထုတ်ပြန်လိမ့်မယ်။ အရေးယူ ဆောင်ရွက်မှု ရှိမယ် ဆိုရင်တော့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေ ၁၅ တွင် Myanmar Now ကို ပြောသည်။
ရွာသားများကို ထိန်းသိမ်းစစ်ဆေးနေသည့် ရက်သတ္တနှစ်ပတ်အတွင်း ကျောက်တန်းရွာ ဝင်ထွက်ခွင့်ကို တပ်က ကန့်သတ်ခဲ့သည်။ ထိုအတောအတွင်း ဘုန်းတော်ကြီးတချို့၊ လွှတ်တော်အမတ်တချို့ ဝင်ရောက်ခွင့်ရပြီး အကူအညီအနည်းငယ် ပေးနိုင်ခဲ့သည်။
စတင်စစ်ဆေးစဉ်ကသာ ရွာပြင်ထွက်ခွင့်ကို ယာယီပိတ်ပင်ထားခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို မေ ၇ ရက်နေ့က ပြောသည်။
“အစကတည်းက အပြစ်မရှိတဲ့သူတွေ ဆိုရင် ဟိုမသွားရဘူး၊ ဒီမသွားရဘူးဆိုပြီး ကန့်သတ်ထားတာ မရှိပါဘူး။ သူတို့လည်း သွားနေကြတာပဲ” ဟု ၎င်းက ပြောသည်။
ကျောက်တန်းရွာအတွင်း တပ် ဝင်ရောက်ပြီး နောက်တစ်နေ့တွင် အနီးရှိ အောင်သာစည်၊ ထီးစွဲ၊ သောင်းဒရားရွာတို့မှ ဒေသခံများသည် ရွာစောင့်အနည်းငယ်သာ ထားကာ မြို့ပေါ်သို့ တိမ်းရှောင်ခဲ့ကြသည်။
ရွာများတွင် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တချို့ ရှိနေသည်ဟု တပ်က သံသယ ဝင်နေကြောင်း သောင်းဒရားရွာမှ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“ယောက်ျားတွေကလည်း ကျောက်တန်းလိုဖြစ်မှာစိုးလို့ အကုန်လုံး ရှောင်ပြေးကြပြီ” ဟု သူက ဆိုသည်။
မေ ၉ ရက်နေ့ နေ့လယ်က ထီးစွဲရွာတွင် အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် နေအိမ်အများအပြား လူသူကင်းမဲ့နေသည်ကို တွေ့ခဲ့ရသည်။ ရွာအတွင်း လမ်းသွားလမ်းလာ မရှိပေ။
ရွာပေါင်း ၁၅ ရွာမှ စစ်ရှောင်အရေအတွက် ၉၀၀ ဝန်းကျင်သည် ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်း ၅ ခုတွင် ရောက်ရှိနေသည်ကို တွေ့ခဲ့ရသည်။
ရခိုင်စစ်ဘေးရှောင်များကို ကူညီခြင်းနှင့် အချက်အလက်စုဆောင်းခြင်းများကို တစိုက်မတ်မတ်ဆောင်ရွက်နေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC ) ၏ မေလ ၈ ရက်နေ့ အချက်အလက်များအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ရှောင်အရေအတွက် စုစုပေါင်း ၃၈,၀၀၀ ခန့်ထိ ရှိနေသည်။
စစ်ဆေးပြီးသော ရွာသားတို့ကို တစ်သုတ်စီ ခွဲပြီး ပြန်လွှတ်ပေးခဲ့ရာ ကျောင်းအတွင်း ထိန်းသိမ်းထားမှုများ မရှိတော့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေ ၁၃ တွင် ပြောသည်။
အပြီးသတ် စစ်ဆေးမှုများမတိုင်မီ ရွာသား ၈ ဦးကို စစ်တွေသို့ ပို့ဆောင်လိုက်သည်။ ၎င်းတို့ထဲမှ ၆ ဦးမှာ AA တပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ကျန်သည့် ၂ ဦးမှာ အသေးစိတ် ဆက်လက်စစ်ဆေးရန် လိုအပ်သေးကြောင်း တပ်က မေ ၈ ရက်နေ့တွင် ပြောသည်။
ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကတော့ ကျောက်တန်းကျေးရွာအနီးတဝိုက်တွင် ၎င်းတို့စစ်ကြောင်းများ သွားလာ လှုပ်ရှားခြင်း မရှိသကဲ့သို့ ထို ၈ ဦးမှာလည်း ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ဟု ငြင်းဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံများ မြေဇာပင်ဖြစ်ကာ သေဆုံးရသည့် အလားတူဖြစ်စဉ်မျိုး မြောက်ဦးမြို့နယ် အောက်သားကန်ရွာ၊ ရသေ့တောင်မြို့နယ် သမီးလှ၊ မင်းဖူးရွာများနှင့် ဘူးသီးတောင်မြို့နယ် စေတောင်ရွာတို့တွင် ဖြစ်ပွားခဲ့သည်။
မြောက်ဦးမြို့နယ် လက္ကာရွာရှိ ရွာသား ၂၇ ဦးကို AA တပ်ဖွဲ့ဝင် ဖြစ်ဖွယ်ရှိသည်ဟူသော သံသယဖြင့် ဧပြီ ၁၀ ရက်နေ့တွင် တပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သည်။
ကျောက်တန်းရွာအတွင်း တပ်မတော်၏ အပြုအမူမှာ လက်ခံနိုင်ဖွယ်ရာ မရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဆိုသည်။
“တစ်ရွာလုံးကို ရွာက လူကြီးလူငယ် အကုန်လုံးကို ဖမ်းသွားတယ် ဆိုတဲ့ အချက်က မှားတာပေါ့။ သံသယရှိရုံနဲ့ ဖမ်လို့ မရဘူးလေ။ အထောက်အထား မခိုင်လုံဘဲနဲ့ သုံးလေးငါးရက်လောက် ရွာတစ်ရွာလုံးကို ပိတ်ပြီးတော့ လုပ်ထားတယ်” ဟု ရသေ့တောင် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောလိုက်သည်။
ကျောက်တန်းရွာသည် ရေကြည်လင်သည့် မယူမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး၊ အိမ်ခြေ ၆၀၀ ခန့်နှင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းမအနီးတွင် ရှိသောကြောင့် အလွန်စည်ကားသည့် တိုက်နယ်ရွာတစ်ရွာ ဖြစ်သည်။
ရွာထဲဝင်လာသော တပ်မတော်စစ်ကြောင်းမှာ တပ်မ ၂၂ မှ ဖြစ်သည်ဟု ရွာသားတို့က ပြောသည်။ ထိုတပ်သည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် စစ်တပ်က ရန်ကုန်ရှိ လူထုအား နှိမ်နင်းရာတွင် ပါဝင်ခဲ့သော တပ်မဖြစ်သည်။
တပ်မ ၂၂ စစ်ကြောင်းမှ စစ်ဗိုလ်များက ကလေးများမှလွဲ၍ ရွာရှိ အမျိုးသားများအားလုံးကို ရွာအနောက်ဘက်တွင် ကပ်လျက်ရှိသော အထက်တန်း စာသင်ကျောင်းတစ်ကျောင်းတွင် အစည်းအဝေးပြုလုပ်ရန်ဆိုကာ သွားရောက် စုဝေးစေခဲ့သည်။ တပ်မတော်စစ်ကြောင်းက ရွာဝင်ပေါက်ထွက်ပေါက်များကိုလည်း ပိတ်ဆို့ထားပြီးဖြစ်သည်။
ထိုနေ့မနက် ၁၁ နာရီတွင် စာသင်ကျောင်းတွင် အမျိုးသားအားလုံး စုဝေးပြီးနောက် တပ်မတော်သားများက အသက် ၁၅ နှစ်အောက်နှင့် အသက် ၅၀ အထက် အမျိုးသားများကို ခွဲထုတ်ကာ ကျောင်းမှ ပြန်လွှတ်ခဲ့သည်။ ကျန်ရှိ အမျိုးသားများကိုမူ မိသားစု သန်းခေါင်စာရင်းများနှင့် တိုက်ပြီး ကျောက်တန်းရွာက ဟုတ်မဟုတ်၊ AA အဖွဲ့ နှင့် အဆက်အစပ် ရှိမရှိကို တပ်မတော်သားများက စစ်ကြောရေးလုပ်ငန်းများ ရက်သတ္တပတ်နှစ်ပတ် နီးပါး ပြုလုပ်ခဲ့သည်။
စစ်ကြောရေးလုပ်ခံရသည့် အမျိုးသားစုစုပေါင်းမှာ ၂၇၅ ဦးဖြစ်သည်။
စာသင်ကျောင်းရှေ့ မြေကွက်လပ်ကျယ်တွင် အစည်းအဝေးခေါင်းစဉ်ဖြင့် ရောက်လာသည့် ရွာသားများ အသက် ၁၅ နှစ်အောက် တစ်စု၊ အသက် ၅၀ နှင့်အထက် တစ်စု၊ သက်လတ်ပိုင်း တစ်စု ခွဲပြီး ထိုင်ရသည်။
နောက်တစ်နေ့ နံနက်ရောက်မှ မိသားစုက အစားအစာ ပို့ခွင့်ရသည်။ အနည်းငယ်စစ်မေးပြီးလျှင် ပြန်လွှတ်မည်ဟု တပ်အရာရှိတချို့က မိသားစုများကို ပြောသည်။
ထိုနေ့ တစ်နေ့လုံးလည်း အထပ်ထပ် စစ်ဆေးမေးမြန်းမှုများနှင့်သာ အချိန်ကုန်သွားသည်၊ ရိုက်နှက်နှိပ်စက်ခြင်း မရှိဟု ထိန်းသိမ်းခံရသူတို့က ပြောသည်။ နေ့စဉ် သုံးကြိမ်ထက်မနည်း စစ်ဆေးခံရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။ ညရောက်လျှင် မြေပြင်ပေါ်တွင်ပင် အိပ်စက်ကြရသည်။
ထိန်းသိမ်းခံနေရသူများထဲတွင် စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးလည်း ပါဝင်သည်။ ရွာသားတို့က ထိုသူ့ကို လွှတ်ပေးရန် တောင်းဆိုသော်လည်း တပ်အရာရှိများက လျစ်လျူရှုခဲ့သည်။ မေ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အိပ်မပျော်သူ ၄ ဦးခန့် ရှိနေသည်။ ထိုအချိန်တွင် စိတ်ကျန်းမာရေးချို့တဲ့သူက‘ပြေးကြ…ပြေးကြ’ ဟု ရုတ်တရက် ကျယ်ကျယ်လောင်လောင် ထအော်လိုက်သည်။
သူ၏ အော်သံအဆုံးတွင် ပစ်ခတ်သံများလည်း တရစပ် ထွက်ပေါ်လာသည်။ ကျောင်းရှေ့ ကွင်းပြင်သည် သေနတ်သံများ၊ အော်ဟစ်သံများ၊ အကူအညီပေးရန် တောင်းဆိုသံများနှင့် ငရဲပွက်သကဲ့သို့ ဖြစ်သွားသည်။
မိနစ်အနည်းငယ်အကြာတွင် ပစ်ခတ်မှုများ ရပ်တန့်ရန် အမိန့်ပေးသံ ထွက်လာသည်။
သေနတ်သံများ ငြိမ်သက်သွားသည့်နောက်တွင်တော့ ညည်းညူသံများ ဆက်တိုက် ပေါ်ပေါက်လာသည်။ အရာရှိတစ်ယောက်က ဒဏ်ရာရသူများကို လက်နှိပ်ဓာတ်မီးဖြင့် လိုက်ကြည့်သည်။
“ကျွန်တော့် ခြေထောက်က ဒဏ်ရာကို သွေးတိတ်အောင် ကျွန်တော့် အင်္ကျီကို ဖြဲပြီး စည်းထားလိုက်ရတယ်” ဟု ဒဏ်ရာရသူတစ်ဦးက ပြောသည်။
မနက် ၄ နာရီခန့်တွင် ဒဏ်ရာရထားသူများကို ဆေးထည့်၊ ပတ်တီးစည်းပေးသည်။
ပွဲချင်းပြီး သေဆုံးသူ ၆ ဦးမှာ ဦးသံခဲအောင်(၄၃ နှစ်)၊ ဦးထွန်းရွှေဝင်း (၃၈)၊ ဦးမောင်ခင်ဌေး (၄၂)၊ ကိုကျော်ငြိမ်းအောင် (၁၇)၊ ကိုလှဖြူသီး (၁၈)၊ ကိုဇော်လတ် (၂၄) တို့ ဖြစ်သည်။
ဒဏ်ရာရသူ ၈ ဦး ရှိရာ ကျောတွင် ကျည်ထိမှန်ထားသူ ကိုအောင်လင်းကျော်မှာ ရန်ကုန်သို့ ပြောင်းရွှေ့ကုသစဉ် သေဆုံးသွားသည်။