အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်ကိုပါ စစ်တပ်က ဖျက်ဆီးနေတယ်”

အသက်ရှင်သန်နေချိန်သာမက သေဆုံးချိန်မှာတောင် ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်တွေ ဆုံးရှုံးနေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ၂၀၂၆ ခုနှစ် Stefanus လူ့အခွင့်အရေးဆုရှင် ဂျာဆိုင်းအိန်နဲ့ ဆွေးနွေးမေးမြန်းထားပါတယ်။

ဆရာဝန်တစ်ဦးဖြစ်တဲ့ ဂျာဆိုင်းအိန်ဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသ စစ်ဘေးရှောင်စခန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေကို နှစ်ပေါင်းများစွာ ကောက်ယူမှတ်တမ်းတင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံကွန်ရက်” ကို တည်ထောင်ပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအထိ သက်သေအထောက်အထားတွေနဲ့ တင်ပြနေသူ ဖြစ်ပါတယ်။ 

နော်ဝေနိုင်ငံအခြေစိုက် Stefanus Alliance International ကပေးတဲ့  Stefanus လူ့အခွင့်အရေးဆု (Stefanus Prize)ဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် ထူးခြားပြောင်မြောက်စွာ လုပ်ဆောင်သူတွေကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒီတွေ့ဆုံမေးမြန်းခန်းမှာ စစ်တပ်က ဘာသာရေးနဲ့ လူမျိုးရေး စိတ်ဝမ်းကွဲအောင် ဘယ်လို ဝါဒဖြန့်အသုံးချနေလဲ၊ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လောက်ဆိုးရွားနေလဲ၊ နောက်တစ်ဖက်မှာ ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတဲ့ မြစ်ဆုံစီမံကိန်းဟာ ဒေသခံတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။

မေးမြန်း – သဇင်လှိုင်

ရိုက်ကူး – မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles