အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောက်ဦးမြို့တွင်း လက်နက်ကြီးပေါက်ကွဲသဖြင့် ဒဏ်ရာရအမျိုးသမီးတစ်ဦးဆေးရုံတင်ရ

စစ်တွေ – ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျောက်ရစ်ကေ ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်သဖြင့် မြောက်ဦးမြို့ပြည်သူ့ဆေးရုံသို့ တင်ထားရသည်။

ဒဏ်ရာရသူမှာ ဒေါ်ခင်ခင်သိန်းဆိုသူဖြစ်ပြီး ညာဘက်ခါးတွင် ကျည်ဆန်ထိမှန်ခြင်းဖြစ်သည်ဟု ၎င်း၏သား ကိုအောင်နိုင်ဌေးက ပြောသည်။

“သတိလည်းရတယ်။ စကားလည်းပြောနိုင်ပါတယ်။ ဒဏ်ရာကိုတော့ ဓာတ်မှန်ရိုက်ထားတဲ့ အတွက် မသိရသေးပါဘူး။ လက်နက်ကြီးတစ်လုံး၊ နှစ်လုံးပစ်တာ။ သေနတ်ဖောက်တာကတော့ နာရီဝက် လောက်ပါ” ဟု ကိုအောင်နိုင်ဌေးက ပြောသည်။

မနေ့ကပစ်ခတ်မှုတွင် ကျောက်ရစ်ကေ၊ ကြက်ဈေး၊ မဟိန်ကျီစသည့်ရပ်ကွက်များရှိ လူနေအိမ်တချို့သို့ ကျည်ဆန်များ ကျရောက်ခြင်း ၊ မြောက်ဦး သမိုင်းဝင် ရှေးဟောင်းစေတီဖြစ်သော သျှစ်သောင်းပုထိုးတော်ရှေ့တွင်လည်း လက်နက်ကြီး ကျည်ဆန်တစ်လုံးကျရောက်ခြင်းများရှိခဲ့သည်ဟုသိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြောက်ဦးမြို့၏တိုးချဲ့မြို့သစ်တစ်ခုဖြစ်သော ထမ္မရာဇ်မြို့သစ်အနီးတွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ယခုအချိန်ထိ မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တချို့ရှိသည်ဟု မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲများပိုမိုပြင်းထန်လာပြီး ထောင်ပေါင်းများစွာသော အရပ်သားများသည် နေရပ်စွန့်ခွာကာ ဘေးလွတ်ရာတွင် ရှောင်ပုန်းနေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button