အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာ-ထိုင်းနယ်စပ် လုံခြုံရေး ထိုင်းအစိုးရ တင်းကျပ်လာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်ထဲက မြဝတီ-ဝေါ်လေ လမ်းပိုင်းကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။ 

ဒီလိုအခြေအနေမှာ ဒေသခံအများအပြားဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးရှောင်နေကြရပါတယ်။ 

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်နဲ့ ကျည်ဆန်တွေ ထိုင်းဘက်ခြမ်းထိ ကျရောက်လာတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက ကျေးရွာတွေမှာ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်လာပြီး စာသင်ကျောင်းတချို့လည်း ယာယီပိတ်ထားရပါတယ်။

ထိုင်းအစိုးရဘက်ကတော့ နယ်စပ်ဂိတ်တွေမှာ စစ်ဆေးမှုတွေ တင်းကျပ်လာသလို နယ်စပ်မျဉ်းတလျှောက်မှာ တပ်ဖွဲ့ဝင်တွေကို လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တစ်ဖက်မှာလည်း နယ်စပ်တလျှောက်မှာ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ထိုင်းအစိုးရဘက်က ပိုမိုအာရုံစိုက်လာပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဒုဗိုလ်မှူးကြီး စောမုတ်သုန်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒါဟာ မြန်မာဘက်ခြမ်းက နယ်စပ်လုံခြုံရေးနဲ့ ဆက်စပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထိုင်းဘက်က ဥပဒေအရ ဖိအားပေးမှုတွေ ပိုမိုပြင်းထန်လာတဲ့ လက္ခဏာတခုအဖြစ်လည်း ရှုမြင်နိုင်ပါတယ်။

ဒါ့အပြင် မဲဆောက်နဲ့ နယ်စပ်ဒေသတွေမှာ တရားဝင်နေထိုင်ခွင့်အထောက်အထားဖြစ်တဲ့ ၁၀ နှစ်သက်တမ်းရှိ တောင်ပေါ်သားကတ်ဒ် ကိုင်ဆောင်ထားသူတွေအပါအဝင် နိုင်ငံခြားသားတွေရဲ့ အထောက်အထားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာ-ထိုင်းနယ်စပ်မှာ ထိုင်းအစိုးရရဲ့ မူဝါဒဟာ စစ်ဘေးရှောင်တွေကို လက်ခံပေးရုံကနေ နယ်စပ်လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးတို့ကို တပြိုင်ထဲ ပိုမိုတင်းကျပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီလို စစ်ဆေးမှုတွေဟာ နယ်စပ်မှာ နှစ်ပေါင်းများစွာ နေထိုင်လာကြတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေနဲ့ စစ်ဘေးရှောင်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလာသလဲ၊ ထိုင်းဘက်က လုံခြုံရေးမူဝါဒတွေ ဘယ်လောက်အထိ ပြောင်းလဲလာသလဲဆိုတာကတော့ နယ်စပ်ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

လက်ရှိ နယ်စပ်အခြေအနေ၊ စစ်ဘေးရှောင်တွေရဲ့ နေထိုင်ရေးနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုအခြေအနေတွေကို သိရဖို့ မဲဆောက်မြို့ မဲ့ကိုကင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးပိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်

တင်ဆက်၊တည်းဖြတ် –  ကိုလှိုင်း ၊ ရိုက်ကူး – Metro 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button