အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်ရောက် မြန်မာခိုလှုံသူများ ရင်ဆိုင်နေရတဲ့ ICE ရဲ့ ခြိမ်းခြောက်မှု

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE) ရဲ့ ဖမ်းဆီးမှုတွေထဲ မြန်မာတွေ ပါဝင်လာတာ ကြောင့်  အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းကြား လုံခြုံရေး စိုးရိမ်ချက် မြင့်တက်နေပါ တယ်။ 

ထရမ့်အစိုးရ တက်လာပြီးတဲ့နောက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ အထူးတင်းကျပ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ပစ်မှတ်ထား စိစစ်မှုတွေထဲမှာ မြန်မာတွေ ဖမ်းဆီးခံရမှုတချို့ ရှိလာပါတယ်။ 

လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံတစ်ခုမှာ အခုလိုမျိုး အကြမ်းဖက် ဖမ်းဆီးမှုတွေကြောင့် အင်မတန်မှ ခြောက်ခြားနေကြပြီး မင်နီဆိုးတားပြည်နယ်က မြန်မာတချို့ဆိုရင် နေရပ်ရွှေ့ပြောင်းတာတွေ လုပ်နေကြရတယ်လို့ ရွှေ့ပြောင်းသူတွေကို ကူညီပေးနေတဲ့ အမေရိကန်ရောက် မြန်မာတွေက ပြောပါတယ်။

လျှောက်ထားဆဲ အမြဲတမ်းတရားဝင်နေထိုင်ခွင့်(Green Card) က လွဲပြီးတော့ စာရွက်စာတမ်း အပြည့်အစုံပြနိုင်ပေမယ့် ကလေးမိခင် ကရင်တိုင်းရင်းသူတစ်ယောက်ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါမြို့မှာ ဖမ်းဆီးခံရပါတယ်။ 

မြန်မာနိုင်ငံကနေ နိုင်ငံရေး ပဋိပက္ခတွေကြောင့်  အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဒီအခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲမှာ  မြန်မာနိုင်ငံသားတွေ အတွက် ယာယီ အကာအကွယ်ပေးမှု (TPS) ကိုလည်း အမေရိကန် အစိုးရက ရုတ်သိမ်းထား ပါတယ်။ 

ရိုက်ကူး-မြတ်ကြီး  တင်ဆက်-သဇင်လှိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button