အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မင်းလက်ပံစစ်ရေးကြောင့် ထိုင်းကျောင်းတချို့ ပိတ်၊ သောင်ရင်းမြစ် တလျှောက် လုံခြုံရေးတိုးမြှင့်

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်း မင်းလက်ပံဒေသမှာ စစ်တပ်က စစ်အင်အား ထပ်မံဖြည့်တင်းနေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

မြန်မာဘက် မင်းလက်ပံဒေသနဲ့ သောင်ရင်းမြစ်သာ ခြားထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မယ်ကို့ကင်းကျေးရွာမှာရှိတဲ့ စာသင်ကျောင်းတချို့ကို လက်နက်ကြီးကျည် ကျရောက်နိုင်ခြေရှိတယ်ဆိုတဲ့ သတိပေးချက်တွေအပြီး ဇွန်လ ၂၂ ရက်ကစပြီး ယာယီပိတ်ထားလိုက်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အရေးပေါ်ဆောင်ရွက်တာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေဘက်ကလည်း သောင်ရင်းမြစ်တလျှောက် ကင်းလှည့်မှုတွေ တိုးမြှင့်ထားပါတယ်။

မင်းလက်ပံဒေသမှာ ဇွန်လ ၂၂ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေသလို ထိုင်းဘက်ခြမ်းကိုလည်း ကျည်ဆန်ကျရောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ဒေသခံအချို့ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောင်နေကြရပြီး နယ်စပ်ဒေသတလျှောက် စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်နေပါတယ်။

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button