အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကျောက်တော်ဗုံးကြဲမှုမှာ အသက်ဘေးကလွတ်ခဲ့တဲ့ ၉ လသားကလေး

မြေစာပုံအောက်က ၉ လသားကလေးကို ဆွဲထုတ်ခဲ့ရတဲ့ မိခင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြို့အနီးတဝိုက်ကို ဇွန်လ ၁၇ ရက်နေမှာ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးလာကြဲလို့ အရပ်သား ၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ဗုံးခိုကျင်းအနီး ကျရောက်ခဲ့တာကြောင့် ပုန်းခိုနေတဲ့ မိသားစုဝင်တွေပါ မြေစာပုံအောက် ပိတ်မိခဲ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် မသူမျိုးဝင်းဟာ ၉ လသားအရွယ် သူ့ကလေးနဲ့အတူ ဗုံးခိုကျင်းထဲမှာ ရှိနေခဲ့ပြီး မြေစာပုံအောက် ပိတ်မိနေတဲ့ ကလေးကို ကိုယ်တိုင် ဆွဲထုတ်ကယ်တင်ခဲ့ရပါတယ်။ “ကျွန်မ ကလေးသေပြီလို့ ထင်ခဲ့တာ” လို့ သူက ပြောဆိုခဲ့ပြီး မိခင်တစ်ယောက်ရဲ့ ကြောက်ရွံ့မှုနဲ့ နာကျင်မှုကို ဖွင့်ဟခဲ့ပါတယ်။

ဒေသခံတွေဟာ နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေချိန်မှာ နစ်နာသူတွေကတော့ တရားမျှတမှု ရရှိဖို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။

ညီထွေး/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button