အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွိုင်ကော်ဆန္ဒပြပွဲ ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်

လွိုင်ကော်တွင် ဆန္ဒပြသူများအား ရဲက ယနေ့နံနက်ပိုင်းတွင် ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့ဖြိုခွဲခဲ့သဖြင့် အနည်းဆုံး ဆန္ဒပြသူ ၄ ဦးထက်မနည်း ရာဘာကျည်ထိမှန်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။

လက်၊ ဝမ်းဗိုက်နှင့် ရင်အုပ်တို့တွင် ရာဘာကျည်ထိမှန်ခဲ့သော ဆန္ဒပြသူများ၏ ဓာတ်ပုံများကို ဒေသတွင်းသတင်းဌာနများက Facebook တွင် လွှင့်တင်ခဲ့ကြသည်။

ရာဘာကျည်သင့် ဆန္ဒပြသူများ (ဓာတ်ပုံ – KnIC နှင့် Mai A Naing)

“ကျွန်တော်တို့ ပြည်နယ်ခန်းမရှေ့အရောက်မှာ သူတို့က အင်အားနဲ့ ပိတ်ဆို့ထားတယ်။ ကျွန်တော်တို့ ညှိနှိုင်းတာကို ဖြတ်ခွင့်မပေးတာနဲ့ အတင်းဖောက်ထွက်တာမှာ ရာဘာကျည်နဲ့ပစ်တာ” ဟု ဆန္ဒပြသူများထဲမှ တစ်ဦးဖြစ်သည့် ကိုမျိုးလှိုင်ဝင်းက ပြောသည်။

ယနေ့နံနက်ပိုင်းမှ စတင်ခဲ့သည့် ဆန္ဒပြပွဲသည် လွိုင်ကော်တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ပြန်လည်ဖယ်ရှားပေးရန်၊ ကြေးရုပ်ကို အတင်းအကျပ်စိုက်ထူခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

ရာဘာကျည်သင့် ဆန္ဒပြသူများ (ဓာတ်ပုံ – KnIC နှင့် Mai A Naing)

ဆန္ဒပြသူများက ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ကို အကောင်အထည်အဖော်ဘဲ ရုပ်တုကိုသာ အတင်းအကျပ် စိုက်ထူခဲ့ခြင်းအတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။

မြို့တွင်းလှည့်လည် ဆန္ဒပြကြသည့် လူအုပ်သည် နံနက် ၁၀ နာရီခန့်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားသည့် လွိုင်ကော်မြို့လယ်ပန်းခြံရှေ့တွင် ထိုင်သပိတ်ဆင်နွှဲနေကြသည်။ ဆန္ဒပြသူများက အစိုးရအရာရှိများအား ယနေ့နေ့လယ် ၁၂ နာရီမတိုင်မီ လာရောက်ညှိနှိုင်းရန် တောင်းဆိုခဲ့ကြပြီး လာရောက်မတွေ့ဆုံပါက ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုကို တွေ့ကြုံရမည်ဟုလည်း သတိပေးကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button