သတင်း

ကယားလူငယ်ခြောက်ဦး၏ ထောင်ခြောက်လပြစ်ဒဏ် ထပ်တိုးရန် ကယားအစိုးရက ခရိုင်ရုံးသို့ တက်

ကယားပြည်နယ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို ဝေဖန်ခဲ့သည့်အတွက် ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံရသည့် ကရင်နီလူငယ်ခြောက်ဦး၏ ပြစ်ဒဏ်မှာ “နည်းပါးလွန်း” သဖြင့် တိုးမြှင့်ပေးရန် ပြည်နယ်အစိုးရ ကိုယ်စားလှယ်က ခရိုင်တရားရုံးသို့ လျှောက်ထားလိုက်သည်။

လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့အားနိုင်ငံရေးရာဇဝတ်ကောင်များကရင်နီအမျိုးသား သစ္စာဖောက်များဟု ကြေညာချက်တွင် သုံးနှုန်းခဲ့သည့်လူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်လုံခြုံမှုကို ကာကွယ်ပေးသည့်ဥပဒေ ပုဒ်မ ၁၀ ဖြင့် နိုဝင်ဘာ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။

Facebook မှတစ်ဆင့် Myanmar Now ကဖတ်ရှုခဲ့ရသည့် ခရိုင်ဥပဒေအရာရှိ လက်မှတ်ရေးထိုးထားသော ပြင်ဆင်ချက်လျှောက်လွှာတွင် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်သည်ကျူးလွန်သည့်ပြစ်ဒဏ်နှင့် နှိုင်းစာလျှင် ပြစ်ဒဏ်နည်းပါးလွန်းသည်ဟု ယူဆပါသဖြင့် ပြစ်ဒဏ်တိုးမြှင့် ချမှတ်သင့်သည်ဟု သဘောရိုးဖြင့် ယုံကြည်ပါသည်ရေးသားထားသည်။

တရားလိုဘက်က ယခုကဲ့သို့ ပြင်ဆင်ချက် တက်ခြင်းသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် သက်ဆိုင်နိုင်ကြောင်း အဆိုပါကရင်နီလူငယ်ခြောက်ဦးအနက် ပြီးခဲ့သည့်ရက်ပိုင်းက ပြစ်ဒဏ်စေ့၍ ပြန်လွတ်လာသည့် ခူးကြူးဖဲကေး()ဂူးဂူး ကဆိုသည်။

ကျန်ကရင်နီလူငယ်များဖြစ်ကြသည့် ဂျွန်ပေါ()ပျားလေး၊ မျိုးလှိုင်ဝင်း()ပါစကွားလယ်၊ ခွန်သောမတ်စ်၊ ဒီးဒီ()စစ်မုန်း၊ ခူးရီဒူး()ခူးရီးရယ် တို့သည် လာမည့် သီတင်းပတ်အနည်းငယ်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဖြစ်သည်။

အဓိကကတော့ ရွေးကောက်ပွဲပြီးတဲ့အချိန်ထိ ကျွန်တော်တို့ကို ချုပ်နှောင်ထားစေချင်တဲ့ အစိုးရရဲ့ အောက်တန်းကျတဲ့ နိုင်ငံရေးလုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ လူထုရဲ့ ဝန်းရံမှုနဲ့အတူ ဒါဟာမတရားဘူးဆိုတာ အဆုံးထိ ဆက်ပြီးရင်ဆိုင်သွားမှာဖြစ်တယ်ဟု ခူးကြူးဖဲကေးကဆိုသည်။

ခူးကြူးဖဲကေး()ဂူးဂူး အား အယူခံပြင်ဆင်ချက်ကို သိရှိကြောင်းလွိုင်ကော်ခရိုင်တရားရုံးက ယနေ့ (နိုဝင်ဘာ ၂၈) တွင် ဆင့်ခေါ်ကာ လက်မှတ် ထိုးခိုင်းခဲ့သည်။ ထောင်တွင်းကျန်ရှိသူများအား ယမန်နေ့ကတည်းက ထောင်ပိုင်မှတစ်ဆင့် အယူခံပြင်ဆင်ချက်ကို သိရှိကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု ခူးကြူးဖဲကေး ကပြောသည်။

ခူးကြူးဖဲကေးက သူ့အားခရိုင်တရားရုံးက ဆင့်ခေါ်သည့်စာတွင် အယူခံပြင်ဆင်မှုကို ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က လျှောက်ထားသည်ဟု ရေးသားထားသည်ဟုဆိုသည်။

ဦးသက်နောင်ထံ Myanmar Now က အဆိုပါအပြင်ဆင်မှုအတွက် ဖုန်းဆက်သွယ်မေးမြန်းရာ မေးခွန်းဆုံးသည်နှင့် တစ်ပြိုင်နက် ဖုန်းချသွားခဲ့သည်။ နောက်ထပ်ခေါ်ဆိုမှုများကိုလည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိတော့ပါ။

ထောင်ကျခံနေရသည့်ကရင်နီလူငယ်များနှင့် ကယားပြည်နယ်အစိုးရတို့အကြား တရားတပေါင်မဖြစ်မီ ကာလများအတွင်း ဆွေးနွေးပွဲများအတွင်း အသိသက်သေအဖြစ် ပါဝင်ခဲ့သည့် ဖရူးဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြည်နယ်အစိုးရ၏ လုပ်ရပ်ကို စိတ်ပျက်မိကြောင်း ဝေဖန်ခဲ့သည်။

အမိန့်ချမှတ်ပြီးတဲ့ကိစ္စတစ်ခုမှာ တရားရေးဘက်ကနေ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်တဲ့ပုံစံမျိုးကို ကျွန်တော့်အနေနဲ့ အဲဒီလိုမြင်ချင်တယ်။ လက်ရှိအစိုးရ အုပ်ချုပ်တဲ့ပုံစံမျိုးက လုံးဝဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောချင်တယ်၎င်းက ဆိုသည်။

တစ်ဖက်ကနေပြီး (လူငယ်တွေက) လူထုကြားမှာ ထောက်ပြချေပပြီး တစ်စုံတစ်ရာ စည်းရုံးပြီးတော့ သူတို့မဲမရမှာ စိုးရိမ်တာမျိုးလည်း ဖြစ်နေတာပေါ့ဟုလည်း ၂၀၁၇ ခုနှစ်ကမှ ကယားနှစ်ပါတီကို ပေါင်းပြီး ပါတီအသစ် တည်ထောင်ထားသည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ အမတ်ဖြစ်သည့် ခူးသဲရယ်ကဆိုသည်။

လူငယ်များ၏ ကြေညာချက်တွင် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးဟုသာ သုံးနှုန်းထားသည့်အတွက် တရားစွဲရာတွင်လည်း တစ်ဦးချင်းအနေဖြင့်သာ စွဲသင့်ပြီး ပြည်နယ်အစိုးရ အဖွဲ့နာမည်သုံးထားခြင်းမှာ လွဲမှားနေသည်ဟုလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။

အဆိုပါ ပြင်ဆင်ချက်တင်သွင်းလွှာကို လာမည့် ဒီဇင်ဘာ ရက်နေ့တွင် လွိုင်ကော်ခရိုင်တရားရုံး၌ စတင်ကြားနာရမည်ဖြစ်သည်။

 

Show More

Related Articles

Back to top button