အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ဆေးရုံကြီးရှိ စည်းမဲ့ကမ်းမဲ့ဈေးသည်တွေကို ထိန်းချုပ်၍မရတော့ဟု ဆရာဝန်ကြီးများပြောကြား

ရန်ကုန်ဆေးရုံကြီးဝင်းထဲရှိ စည်းမဲ့ကမ်းမဲ့ဈေးသည်တွေကြောင့် ဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း ဆေးရုံရှိတာဝန်ရှိသူများက သတင်းမီဒီယာများကို ဖိတ်ခေါ်၍ ပြောဆိုလိုက်သည်။

စည်းမဲ့ကမ်းမဲ့ဈေးရောင်းမှုကြောင့် ကြွက်၊ခြင်၊ ယင် ပိုးမွှားများတိုးပွားနေကြောင်း၊ ဈေးသည်များသည် ဆေးရုံကြီးတွင် ဈေးရောင်းရုံတင်မကဘဲ ဆေးရုံကြီး၏ ရေချိုးခန်းများကို သုံးစွဲခြင်း၊ ဆေးရုံအဆောက်အအုံများတွင် ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အဝတ်အစားများလှန်းခြင်းများပြုလုပ်နေကြောင်း ဆေးရုံအုပ် ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်က ပြောကြားသည်။

ယခုပြဿနာအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့အားလည်း တင်ပြခဲ့ကြောင်း၊ သို့သော်လည်း စည်ပင်သာယာအဖွဲ့များမှ စည်းမဲ့ကမ်းမဲ့ဈေးသည်များကို ခေတ္တခဏမျှသာ ရှင်းပေးနိုင်သောကြောင့် ယခုကဲ့သို့သတင်းမီဒီယာများကို ခေါ်ယူရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း ဆရာဝန်ကြီးများအဖွဲ့က ပြောသည်။

“ဒီမှာက အလှူအတန်းတွေလည်း များတယ်။ ဒါ့ကြောင့် နေစရာလည်း အလကားရတယ်။ စားစရာလည်း အလကားရတယ်။ ဒီလိုရောနှောနေထိုင်တဲ့ သူခိုးတွေ၊ ခါးပိုက်နှိုက်တွေလည်း ရှိတယ်။ နောက်ပြီး လူနာပွဲစားတွေလည်းရှိတယ်။ ဒီကိစ္စတွေကို ရှင်းကိုရှင်းရမယ့် အနေအထားရောက်နေပြီဆိုတာ ပြည်သူလူထုကို ချပြတဲ့သဘောပါ”ဟု ရန်ကုန်ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်ကြီးကလည်း ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button