အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ဆေးရုံကြီးမှ ပျံကျဈေးသည်နှင့် အထွေထွေပြဿနာများရှင်းလင်းရေး စီမံချက်ရေးဆွဲနေ

(ရန်ကုန်) – စည်းကမ်းမဲ့ရောင်းချနေသည့် ပျံကျဈေးသည်များအရေးအပါအဝင် ရန်ကုန်ဆေးရုံကြီးအတွင်း ဖြစ်ပွားနေသည့် အထွေထွေပြဿနာများအား ဖြေရှင်းရန် အသေးစိတ်စီမံချက်တစ်ခု ရေးဆွဲနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာခင်မောင်ကြီးက ပြောသည်။

ဆေးရုံအုပ်ချုပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် အစိုးရဝန်ကြီးများ ပါဝင်ရေးဆွဲမည့် အဆိုပါ စီမံချက်သည် ဆေးရုံကြီးအတွင်း သောင်းကျန်းနေသည့် လူနာပွဲစားများ၊ အလစ်သုတ်သမားများ၊ လောင်းကစားဝိုင်းများနှင့် စည်းကမ်းမဲ့ဈေးသည်များ အပါအဝင် လူနာနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား အနှောင့်အယှက်ပေးသူများကို ပစ်မှတ်ထားနှိမ်နင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။

“စီမံချက်အတည်ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ အသေးစိတ်ပြောပါမယ်၊ အခုတော့ ပြောလို့မရသေးပါဘူး” ဟု ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

ရန်ကုန်မြို့လယ်ရှိ ခုတင်၂၀၀၀ ဆန့်ဆေးရုံကြီးအတွင်း ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် ဈေးသည်များနှင့် ပျံကျနေထိုင်သူများအရေး ဆေးရုံတာဝန်ရှိသူများက သတင်းထောက်များအား ဇူလိုင် ၃ရက်တွင် ထုတ်ဖော်ပြောကြားခဲ့အပြီး အဆိုပါစီမံချက်ရေးဆွဲရန် အစိုးရဘက်က အာရုံစိုက်လာခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့်လအတွင်းက ရန်ကုန်ဆေးရုံကြီးဝင်း အထွေထွေကုသဆောင်(၁)အနီးတွင် ပျံကျဈေးသည်များအကြား ခိုက်ရန်ဖြစ်ပွားရိုက်နှက်နေကြသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက် ဖေ့ဘွတ်စ်စာမျက်နှာပေါ်တွင် ပျံ့နှံ့သွားပြီး ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ပျံကျဈေးသည်များကို ထိန်းသိမ်းဖို့ရန်အတွက် အခက်အခဲရင်ဆိုင်နေရသောကြောင့် ယခုလို စီမံချက်ရေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း ဇူလိုင် ၃ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။

“ ဈေးသည်တွေကို ကျွန်မတို့သွားပြောရင် ခဏနာခံလိုက် ပြီးရင် ပြန်လုပ်လိုက်ဆိုတော့ လိုက်တမ်းပြေးတမ်းကစားသလို ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီးအရေး ဇူလိုင် ၅ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီမှ ဥက္ကဋ္ဌ ဦးသာအောင်နှင့် အဖွဲ့ဝင်များ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး စီမံချက်အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းအစိုးရကို ဖိအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles