အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ဆေးရုံကြီးအတွင်း မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးအတွင်း သြဂုတ်လ ၁၃ ရက်(ယနေ့) ညနေခင်း ၇ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆင့် (၂) Level-2 ယဉ်အုပ်စုများ သွားရောက်ငြှိမ်းသတ်နေပြီး မီးထိန်းနိုင်ပြီဟု သိရသည်။

“လူနာတွေရှိတယ်။ ကယ်ထုတ်ပြီးသွားပြီ။ ကနဦးသတင်းအရတော့ ကင်ဆာဆောင်လို့ သိထားရတယ်။ မီးညွန့်တော့ မမြင်ရသေးဘူး။ မီးခိုးငွေ့ပဲတွေ့ရတဲ့ အနေအထားဖြစ်နေတဲ့အတွက် စိုးရိမ်စရာတော့မရှိပါ ဘူး။” ဟု ရန်ကုန်တိုင်းမီးသတ်ဌာနချုပ်မှ ကိုဝင်းဟံသာက Myanmar Now ကို ပြောသည်။

လက်ရှိမှာ အနော်ရထာလမ်းတောက်လျှောက် မီးသတ်ကားများ အဆက်မပြတ် သွားလာလျက်ရှိပြီး မီးသတ်ကားအစီး ၃၀ ခန့် သွားရောက် ငြှိမ်းသတ်နေသည်ဟု ၎င်းက ပြောသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးတို့လည်း ရောက်ရှိနေသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိတွင် အဆိုပါဆေးရုံကြီး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆေးရုံမှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်။

ည ၇ နာရီ မိနစ် ၂၀ တွင် မီးကို ထိန်းနိုင်ခဲ့ကြောင်း၊ လူအသေအပျောက်မရှိကြောင်း၊ လူနာများရှိသော်လည်း ကယ်တင်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ရသည့် အကြောင်းရင်းကို မသိသေးကြောင်းလည်း သိရသည်။

(ဖြည့်စွက်ချက်။ ။မီးလောင်သည်မှာ ဓာတ်ရောင်ခြည်ဆေးကုဌာနအဆောက်အအုံဟု သိရပါသည်။ ထိုဌာနအဆောက်အအုံသည် နေ့ခင်းဘက်မှာသာ လူနာလက်ခံကုသခြင်းဖြစ်ပြီး ညအိပ်လူနာမရှိသည့် အဆောက်အအုံဖြစ်သည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button