အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒလရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်ခြင်းမှာ ပေါ့ဆမီးဖြစ်သည်ဟုဆို 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာသွယ်ရပ်ကွက်ရှိ ဟာဖိဇ်အစ္စလာမ်ဘာသာရေးစာသင်ကျောင်းမီးလောင်ခဲ့ခြင်းမှာ ပေါ့ဆမီးသာဖြစ်ကြောင်း ကျောင်းကော်မတီဝင် ဦးမြင့်နိုင်က Myanmar Now ကို ပြောသည်။

အဆိုပါ ဘာသာရေးစာသင်ကျောင်းမှာ ဇွန် ၉ ရက် ည ၁၁ နာရီခွဲခန့်အချိန်က ဝါယာရှေ့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းသာဖြစ်ကြောင်း၊ မီးသတ်ဦးစီးဌာနက ၎င်းကို မီးပေါ့ဆမှုဖြင့် အမှုဖွင့်တရားစွဲထားကြောင်းလည်း ဦးမြင့်နိုင်က ပြောသည်။

“ကျွန်တော့်အိမ်မှာ အိပ်နေတဲ့အချိန် ကျောင်းမီးလောင်တယ်ဆိုတော့ ကျနော်သွားတယ်။ မီးက ဝါယာရှော့ခ်ဖြစ်တဲ့နေရာကနေ မီးခိုထွက်ပြီး မီးစလောင်တာပေါ့။ မီးသတ်ရောက်လာပြီး ကျနော်တို့နဲ့အတူ မီးငြှိမ်းတယ်” ဟု ၎င်းက ပြောသည်။

နာရီဝက်ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးပေါ့ဆမှုဖြင့် အမှုဖွင့်တရားစွဲခံရမှုကို ဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဟုလည်း ဦးမြင့်နိုင်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျောင်းတာဝန်ခံ ဘယ်သူလဲမေးပြီး ကျနော့်ကို ဒလရဲစခန်းကို ခေါ်သွားတယ်။ ပြီးတော့ စစ်ချက်ပေးပြီး ပြန်လာတယ်။ ပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ တရားစွဲခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

မီးလောင်မှုကြောင့် အကျယ်အဝန်း ပေ ၂၀၀ ပတ်လည်ရှိ စာသင်ကျောင်းဆောင်၏ အပေါ်ထပ်ရှိ ကျမ်းစာများထားရှိရာ ပေ ၃၀ ပတ်လည်ဝန်းကျင် အခန်းတစ်ခုသာ ပျက်စီးခဲ့ပြီး၊ မီးလောင်ချိန်တွင် ကျောင်းစောင့်အိပ်သည့် ကျောင်းသားနှစ်ဦးသာရှိကြောင်းလည်း ဦးမြင့်နိုင်က ဖြည့်စွက်ပြောကြားသည်။ 

အစ္စလာမ်ဘာသာဝင်များကို ကျမ်းစာသင်ပေးသည့် ကျောင်းဖြစ်ပြီး ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့ကာ ယနေ့တိုင် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button