အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မူဆယ်မြို့အထွက်တွင် ကုန်ကားတစ်စီး မီးရှို့ခံရ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပျောက်ဆုံး

မူဆယ်-နမ့်ဖက်ကာကြား ပြည်ထောင်စုလမ်းမပေါ်တွင် ကုန်များတင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး မနေ့ညက မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လည်း ပျောက်ဆုံးနေကြောင်း ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်သိန်းက အတည်ပြုသည်။

“ဘယ်အဖွဲ့ဆိုတာက မသိလိုက်ဘူး။ အဲဒီနားက ရွာသားတွေတောင် မသိလိုက်ဘူး” ဟု ၎င်းကဆိုသည်။

မူဆယ်မြို့အနီး နမ့်ပေါ်တာလုံကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇန်နဝါရီလ ၁၂ ရက် ယမန်နေ့ည ၉ နာရီခန့်က လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဆက်ကြေးတောင်းမရသဖြင့် ကားကိုမီးရှို့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကိုလည်း အဆိုပါ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ကုန်ကားမောင်းသမားများက ဆိုသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကိုတော့ ၎င်းတို့အနေဖြင့် ပြောနိုင်ခြင်းမရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ရိုးရိုး မီးလောင်တယ်ဆိုရင် လမ်းပေါ်မှာ ဖြစ်မှာပေါ့။ ခုက လမ်းဘေးမှာ ဖြစ်နေတော့ အရှို့ခံရတာပေါ့။ ကျွန်တော်တို့လည်း အဲ့ဒီနားမှာ ကြာကြာမရပ်ရဲဘူး”ဟု ကားမီးလောင်နေသည်ကို ဗီဒီယိုရိုက်ကာ Facebook ပေါ်တင်ခဲ့သည့် ကားသမား ကိုနေမျိုးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

ယင်းကားမီးလောင်မှုကို မူဆယ်မြို့ မီးသတ်ဌာနမှ မီးသတ်သမား ၇ ဦး သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို မတွေ့ရသေးဘဲ လက်ရှိအချိန်အထိ ရှာဖွေနေဆဲဖြစ်ကြောင်း မူဆယ်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာတွေကျတော့ သူတို့ (အစိုးရ တပ်) လည်း လုံခြုံရေးမယူနိုင်တဲ့အခါကျတော့ လက်နက်ကိုင်အဖွဲ့က တစ်ချက်တစ်ချက် ထွက်ထွက်တောင်းတာ ခံရတယ်။ သူတို့ကတောင်းရင် အနည်းဆုံး ငါးသောင်းလောက်တောင်းတယ်။ သူတို့တောင်းသလောက် စိတ်ကျေနပ်အောင်လုပ်ပေးရင်တော့လည်း ခုလိုမဖြစ်လောက်ဘူး”ဟု မန္တလေး-မူဆယ် ကိုယ်ပိုင်ကုန်ကားမောင်းသည့် မန္တလေးမြို့နေ ကိုအောင်ဟိန်းက ဆိုသည်။

ယခုကားမီးရှို့မှု ဖြစ်ပွားရာနေရာအပါအဝင် မူဆယ်- ကွတ်ခိုင် – သိန္နီ – သီပေါ အနီးတစ်ဝိုက်သည် TNLA (တအာင်း လက်နက်ကိုင်အဖွဲ့) ၊ MNDAA (ကိုးကန့်လက်နက်ကိုင်အဖွဲ့) အဖွဲ့တို့ လှုပ်ရှားလေ့ရှိသော နယ်မြေဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဆက်ကြေးတောင်းရာ ယူနီဖောင်းအပြည့်အစုံ မဝတ်ထားဘဲ ကိုယ်ခန္ဓာအပေါ်ပိုင်းတွင် TNLA တံဆိပ်ပါ အင်္ကျီနှင့် အောက်ပိုင်းတွင် အခြားဘောင်းဘီဝတ်ဆင်ထားပြီး AK-47 သေနတ်ကိုင်ထားသည်ဟု ကိုယ်တိုင်ဆက်ကြေးပေးခဲ့ရဖူးသည့် ကိုအောင်ဟိန်းက ပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်၍ TNLA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဆက်သွယ်ပေးမည်ဟုသာ ပြောဆိုသည်။

ယခုကားပေါ်တွင် အထည်အလိပ်များ၊ ခေါက်ဆွဲဖာများ နှင့် တရုတ်နိုင်ငံထုတ် အစားအစာများပါဝင်ပြီး ကုန်ပစ္စည်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၃၀၀ နီးပါးနှင့် ယာဉ်တန်ဖိုး သိန်း ၆၀၀ ကျော်ခန့် တန်ကြေးရှိကြောင်း ရန်ကုန်သို့ ကုန်စည်များပို့ဆောင်ရန် သယ်ဆောင်လာသည့် ယာဉ်ဖြစ်ကြောင်း ကုန်ကားမောင်းသူများက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles