အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ဆေးရုံ ကင်ဆာပြင်ပလူနာဌာန ရက်အနည်းငယ် ပိတ်မည်

(ရန်ကုန်) — ယမန်နေ့ (ဩဂုတ် ၁၃) ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်ဆေးရုံကြီး ကင်ဆာရောဂါပြင်ပလူနာဌာနကို ရက်အနည်းငယ်ကြာ ပိတ်ထားမည်ဟု ဆေးရုံက ကြေညာထားသည်။

ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသမှုခံယူနေသည့် လူနာများအား ဩဂုတ်လ ၁၆ ရက်နေ့ကျမှ ဆေးရုံသို့ လာရောက်ရန် ဆေးရုံဘက်က ကြေညာထားသည်။

အလားတူ သွေးအဖြေယူမည့်လူနာ၊ နောက်ဆက်တွဲကုသမည့်လူနာ၊ ဓာတ်ရောင်ခြည်ဖြင့်စတင်ကုသမည့် လူနာများနှင့် လူနာအသစ်များကို ဩဂုတ်လ ၂၀ ရက်နေ့မှ ပြန်လည်လက်ခံမည် ဖြစ်သည်။

ရန်ကုန်ဆေးရုံတွင် ဓာတ်အပ်စိုက်ကုသမှုများကို ရပ်နားထားပြီး ပြန်လည်စတင်ကုသပေးမည့်ရက်ကို ဆေးရုံဘက်က ထပ်မံကြေညာပေးမည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ည (ဩဂုတ်လ ၁၃ ရက်) ၆ နာရီခွဲခန့်က ကင်ဆာဌာန အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်ခုံ အပူလွန်ကဲရာမှ စတင်ခဲ့သည့် အဆိုပါမီးကို အရေးပေါ်အဆင့်(၂) သတ်မှတ်ကာ မီးသတ်ယာဉ် ၃ဝ ခန့်လာရောက် ငြှိမ်းသတ်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိကြောင်နှင့် ဓာတ်ရောင်ခြည်လုံခြုံမှုနှင့်ပတ်သက်၍ ထိခိုက်မှုမရှိကြောင်း ဆေးရုံက သတင်းထုတ်ပြန်ထားသည်။

“လောလောဆယ်တော့ မီးလိုင်းတွေ ပြန်စစ်နေတယ်၊ သန့်ရှင်းရေးတွေ ပြန်လုပ်နေရတယ် ဒါတွေပြီးမှ ပြန်စလို့ရမယ်” ဟု ဆေးရုံအုပ် ဒေါက်တာခင်မောင်ကြီးက ပြောသည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသရန်ရောက်ရှိနေသည့် နယ်လူနာတချို့သည် အိမ်မပြန်နိုင်ဘဲ ဆေးရုံကြီးအနီးအနားရှိ သရက်တော ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တတည်းခိုနေသည်။

မီးလောင်မှုဖြစ်ပွားသည့် ညတွင်ပင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဆေးရုံတာဝန်ရှိသူများ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သော်လည်း အသေးစိတ်ကို နှစ်ဖက်လုံးက ထုတ်မပြောသေးပါ။

ကင်ဆာရောဂါပြင်ပ လူနာဌာနတွင် ပုံမှန်လာရောက်ကုသနေသည့် လူနာများ၏ နောက်ဆက်တွဲနှင့် အစိုးရအရာရှိများနှင့်တွေ့ဆုံပွဲအခြေအနေကို မေးမြန်းသော်လည်း ဆေးရုံတာဝန်ရှိ သူများက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles