အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တွင် ဆန္ဒပြသူတချို့ ရန်ရှာခံရ

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတို့ကို တပ်ထောက်ခံသူများက ရန်ကုန်မြို့၊ ဆူးလေမီးပွိုင့်တွင် လာရောက်ရန်ရှာခဲ့ကြသည်ကို ယနေ့တွေ့ရသည်။

မြန်မာနိုင်ငံအလံနှင့် တပ်မတော်အလံများ လွှင့်ထူထားပြီး လူအပြည့်လိုက်ပါလာသည့် Light Truck နှင့် အပေါ့စားကုန်တင်ယာဉ် ၁၅ စီးသည် ဆူးလေမီးပွိုင့်တွင် ရပ်ကာ  စစ်သီချင်းများဖွင့်ပြီး အနီးရှိဆန္ဒပြသူအချို့ကို လိုက်လံရန်ပြုခဲ့ကြသည်။

“မိန်းကလေးနှစ်ယောက်ပဲ။ ကျွန်တော့်ကို ဝိုင်းပြီးတော့ ရန်ရှာတယ်။ ကျွန်တော့်သူငယ်ချင်းက ကာထားပေးခဲ့တယ်။ ကျွန်တော်က ရန်မဖြစ်ချင်လို့ ဆက်လျှောက်သွားခဲ့တယ်။ အဲဒီအချိန်မှာ ပြန်ဆုတ်သွားတယ်” ဟု ရန်ရှာခံခဲ့ရသူ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့လယ်သို့ ရောက်လာသော  ၎င်းတို့၏ယာဉ်တန်းအတွင်း အလံများထောင်ထားသည့်ကားတွင် ကားနံပါတ်ကို ဖုံးအုပ်ထားသည်။

ဆန္ဒပြနေသူများ ဆူးလေမီးပွိုင့်၌ လမ်းကူးရန် စောင့်ဆိုင်းနေစဉ် တပ်ထောက်ခံသူများထဲမှ တုတ်ကိုင်သူတချို့က ရန်ရှာခဲ့သော်လည်း ဆန္ဒပြသူတို့က ပြန်လည်တုံ့ပြန်ခြင်း မရှိဘဲ အချင်းချင်းလက်တွဲကာ ဆက်လက်ချီတက်သွားသည်ကို တွေ့ရသည်။

ချီတက်ရာလမ်းတလျှောက်တွင် ရပ်ကွက်လူထုက ကြိုဆိုဧည့်ခံကြသည်ကိုလည်း တွေ့ရသည်။

စစ်အာဏာသိမ်းမှုကို မြန်မာနိုင်ငံအနှံ့ ပြည်သူလူထုများက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြပြီး အကြီးမားဆုံးသော ချီတက်ကန့်ကွက်မှုများကို လူဦးရေများပြားသော၊ နိုင်ငံရေးအဖွဲ့အစည်းမျိုးစုံရှိသော၊ နိုင်ငံတကာသတင်းမီဒီယာနှင့် သံတမန်များရှိသော ရန်ကုန်မြို့တွင် တွေ့နိုင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button