အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယာယီရဲမှူး သိန်းဆွေမြင့်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ရန်ကုန်တိုင်း လှိုင်မြို့နယ်ရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးသိန်းဆွေမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် မတ် ၂၅ က လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

လှိုင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသောအမှုနှင့် ပတ်သက်၍ အာမခံရရှိရန်အတွက် မြို့နယ်တွဲဖက်တရားသူကြီးနှင့် လှိုင်မြို့မရဲစခန်းမှူးတို့ကို ငွေကျပ် ၁၀ သိန်းပေးခဲ့ရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သဖြင့် ကော်မရှင်က ယင်းအမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးရာတွင် ၂၀၁၈ မတ် ၅ က တရားခံ၏ သမီးထံမှ ငွေကျပ် ၁၀ သိန်းကို တရားသူကြီးအား ပေးရန်ဟုဆိုကာ ယာယီရဲမှူးသိန်းဆွေမြင့်က လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ငွေဒဏ်နှင့် ၇ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယာယီရဲမှူးသိန်းဆွေမြင့်မှာ ထိုစဉ်က ဒုတိယရဲမှူးရာထူးဖြင့် လှိုင်မြို့မရဲစခန်းမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင် ဟိုပန်မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ယာယီရဲမှူးသိန်းဆွေမြင့်ကို ဗဟန်းမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button