အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲကော်မရှင်၏ “သတိပေးချက်”ကို ပြည်ခိုင်ဖြိုးနှင့် မဟာမိတ်ပါတီများ တုံ့ပြန်

၂၀၂၀ ရွေးကောက်ပွဲအတွက် နည်းပညာပစ္စည်းများ တင်ဒါခေါ်ယူမှုကို ကန့်ကွက်ရေးသားခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ “သတိပေးချက်”ကို တည်ဆဲဥပဒေအရသာ တုံ့ပြန်သွားမည်ဟု ယင်းပါတီများက ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် ပြောကြားသည်။

နိုင်ငံရေးပါတီ ၂၀ ၏ ကန့်ကွက်ချက်ပါ အရေးအသားများသည် ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေပြီး ကော်မရှင်က ဥပဒေနှင့်အညီ ကျင်းပပေးမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို အခြားပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက အထင်အမြင်လွဲမှားစေနိုင်ကြောင်း ကော်မရှင်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် သတိပေးချက်အပေါ် ယင်းပါတီများက တုံ့ပြန်လာခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက် သတင်းစာရှင်းလင်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့၏ ပါတီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကော်မရှင်၏ သတိပေးချက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီများသည် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် အရေးအသားများ မပြုလုပ်ရကြောင်း၊ ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ကြောင်း၊ ယင်းကဲ့သို့ ထပ်မံဆောင်ရွက်လာပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဆိုထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက “(ကျနော်) တို့ကလည်း သဘောရိုးအတိုင်းပဲ တင်တယ်။ သူတို့ကလည်း ဒီလိုကျော်လာရင် ဒီဥပဒေအတိုင်း လုပ်သွားမယ်လို့ ပြောတယ်။ အဲ့ဒီလို ဆက်လုပ်လာတဲ့အပေါ် မူတည်ပြီးရင် (ကျွန်​တော်) တို့ကလည်း လက်ရှိတည်ရှိနေတဲ့ (ဥပဒေ) နဲ့ (ဆက်စပ်ဥပဒေ) နှစ်ခုပဲ ရှိတယ်။ … အဲ့ဒီဥပဒေတွေပေါ် မူတည်ပြီးတော့ (ကျနော်) တို့ လုပ်လို့ရတဲ့ အပိုင်းကနေပြီး ဥပဒေတွေနဲ့ ကော်မရှင်ကို ပြန်တုံ့ပြန်သွားမယ်” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဥပဒေကြောင်းအရ မည်သို့ ဆက်လက်ဆောင်ရွက်မည့်အပေါ် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပါ။

“နိုင်ငံရေးပါတီတွေက လုပ်နိုင်တာတွေရှိတယ်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေး (right) တွေရှိတယ်။ ခြေဥမှာ ဖော်ပြထားတယ်။ အဲ့ဒီခြေဥမှာ ဖော်ပြထားတာတွေကို ကိုးကားပြီးတော့ UEC (ရွေးကောက်ပွဲကော်မရှင်) နဲ့ ပြန်ဖြေရှင်းမှာပေါ့။ ဘယ်ဟာတွေနဲ့ ဖြေရှင်းမလဲဆိုတာကတော့ ဘာဖြစ်လာမှန်းမသိသေးတဲ့ ဟာတစ်ခုကို အခု ဘယ်လိုမှ ကြိုပြောလို့မရသေးဘူး” ဟု ဦးလှသိန်းက Myanmar Now ကို ပြောသည်။

အမေရိကန်နိုင်ငံ အခြေစိုက် IFES (International Foundation for Electoral System) အဖွဲ့က မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် နည်းပညာထောက်ပံ့မှုပေးရန် လက်ပ်တော့ကွန်ပျူတာ ၁၃၀၀၊ ပုံနှိပ်စက် (printer) အလုံး ၃နှင့် ဆက်စပ်ပစ္စည်းများကို အောက်တိုဘာ ၁၇ ရက်တွင် တင်ဒါခေါ်ယူခဲ့သည်။

ယင်းတင်ဒါခေါ်ယူမှုသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ထောက်ပံ့ပစ္စည်းများသည် ရွေးကောက်ပွဲဖြစ်စဥ်ကို နည်းပညာ ထိန်းချုပ်မှုအောက် ရောက်ရှိစေပြီး ရွေးကောက်ပွဲကို ပြည်ပက စွက်ဖက်လာနိုင်သည်ဟုဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ကျော်က နို၀င်ဘာ ၂ ရက်တွင် ကန့်ကွက်စာထုတ်ပြန်ခဲ့သည်။ IFES ၏ တင်ဒါကို ဖျက်သိမ်းပြီး နိုင်ငံတကာတင်ဒါသစ် ခေါ်ယူရန် ယင်းပါတီများက တောင်းဆိုခဲ့သည်။

ထို့အပြင် ဘက်လိုက်မှုကင်းပြီး သန့်ရှင်း၊ တရားမျှတသည့် ရွေးကောက်ပွဲကော်မရှင်တစ်ရပ်ကို နိုင်ငံရေးပါတီအများစု လက်ခံနိုင်မည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးရန်လည်း တောင်းဆိုထားသည်။

ယင်းနိုင်ငံရေးပါတီများ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ကော်မရှင်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button