အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

ဟောင်ကောင်ပါလီမန်ကို ဆန္ဒပြသူများ စီးနင်း ဖျက်ဆီးမှု တရုတ်အစိုးရ ရှုတ်ချ

ယမန်နေ့က ဟောင်ကောင်ပါလီမန် အဆောက်အအုံထဲသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ရမ်းကားဖျက်ဆီးသွားသည့် ဆန္ဒပြအင်အားစုများကို တရုတ်ပြည်မကြီးအစိုးရ (ဘေဂျင်း)က ဥပဒေကို လွန်လွန်ကျူးကျူး ချိုးဖောက်သည့်လုပ်ရပ် ဖြစ်သည်ဟုဆိုကာ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

အငြင်းပွားဖွယ် ဥပဒေဖျက်သိမ်းရေးအတွက် တက်ကြွစွာဆန္ဒပြခဲ့ကြသည့် အုပ်စုများအနက် ဆန္ဒပြသူအချို့က ဟောင်ကောင် ဥပဒေပြုရေးကောင်စီ(ပါလီမန်) အဆောက်အအုံကို နာရီပေါင်းများစွာ သိမ်းပိုက်ထားခဲ့ရာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြမှုမှာ ပျက်ယွင်းသလိုဖြစ်ခဲ့ရသည်။

ထိုသို့ ဟောင်ကောင်ပါလီမန်ထဲသို့ ဝင်ရောက်ပြီး ရမ်းကားဖျက်ဆီးခဲ့မှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ရန် တရုတ်အစိုးရက တိုက်တွန်းခဲ့သည်။

ဟောင်ကောင်ပါလီမန်ကို သိမ်းပိုက်ဖျက်ဆီးခဲ့ခြင်းသည် တစ်နိုင်ငံ စနစ်နှစ်မျိုးကျင့်သုံးသည့် တရုတ်-ဟောင်ကောင်မူဝါဒကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းသာဖြစ်ကြောင်း တရုတ်ပြည်မကြီးအစိုးရက ပြောဆိုလိုက်သည်။

ဘေဂျင်းအစိုးရက ဟောင်ကောင်ပါလီမန်အတွင်း ဆန္ဒပြသူများ ဝင်ရောက်သိမ်းပိုက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုအပေါ် ဇူလိုင်လ ၂ ရက်နေ့တွင် တရားဝင်ကြေညာချက်ထုတ်ကာ ပြစ်တင်လိုက်ပြီး စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ရာတွင် ဟောင်ကောင်အာဏာပိုင်များကို ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု ဆိုသည်။

“ယခုကဲ့သို့ ဟောင်ကောင်၏ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုသည့်လုပ်ရပ်သည် ဟောင်ကောင်၏ လူမှုတည်ငြိမ်ရေးကို ထိခိုက်စေပြီး ဟောင်ကောင်ပြည်သူများ၏ အခြေခံကျသော အကျိုးစီးပွားကိုလည်း ပျက်စီးစေသည်” ဟု တရုတ်အစိုးရ၏ ဟောင်ကောင်နှင့် မက္ကာအိုရေးရာရုံးအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စပေါ်ပေါက်ပြီးနောက် ဟောင်ကောင်အုပ်ချုပ်ရေးမှူးကလည်း သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပပြုလုပ်ပြီး ဝေဖန်ရှုတ်ချခဲ့သည်။

ဟောင်ကောင်တွင် တရားဥပဒေစိုးမိုးရေးထက် အရေးကြီးသောကိစ္စ တစ်ခုမျှမရှိဟု အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ဆိုသည်။

BBC

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button