အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

တရားခံလွှဲပြောင်းရေးဥပဒေကြမ်း ဖျက်သိမ်းလိုက်ပြီဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကြေညာ

ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြသော ပြည်မကြီးသို့ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းသည် အသက်ဝင်ခြင်းမရှိတော့ဘဲ လုံးဝ ပျက်ပြယ်သွားပြီဟု ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဒီမိုကရေစီ လိုလားသော ဟောင်ကောင်ပြည်သူများက အဆိုပါဥပဒေကြမ်းကို လုံးလုံးလျားလျား ဖျက်သိမ်းပစ်ရန် သီတင်းပတ်အတော်ကြာအောင် တောင်းဆိုခဲ့ကြသည်။ ပေကျင်း(တရုတ်ပြည်မကြီးအစိုးရ) ဘက်တော်သားအဖြစ် သတ်မှတ်ခံထားရသည့် ကယ်ရီလမ်က သူမ၏အစိုးရက အတည်ပြုရန် ကြိုးစားခဲ့သော ဥပဒေကြမ်း လုံးဝပျက်ပြယ်သွားပြီဟု ဝန်ခံပြောဆိုလိုက်ပြီဖြစ်သည်။

အဆိုပါ အငြင်းပွားဖွယ် ဥပဒေကြမ်းအရ ဟောင်ကောင်မှ တရားခံများကို ပြည်မကြီးတွင် တရားစွဲဆိုရန် လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ ယင်းဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သော ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူများနှင့် ရဲများအကြား ယခင်လက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် ကယ်ရီလမ်းက ဥပဒေကြမ်းကို ဆိုင်းငံ့ထားခဲ့သည်။

ဆန္ဒပြသူများက ကယ်ရီလမ်း နုတ်ထွက်ပေးရန်နှင့် ဥပဒေကြမ်း လုံးဝဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းတောင်းဆိုမှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက်တွင် ကယ်ရီလမ်းက

ပြည်သူတွေက ဥပဒေပြုကောင်စီမှာ အစိုးရက ဥပဒေကြမ်းကို ပြန်တင်မှာလားလို့  စိုးရိမ်နေကြပြီး အစိုးရရဲ့ ဖြောင့်မတ်မှုကို သံသယဝင်နေကြပါတယ်။ ကျွန်မ ဒီနေရာကနေ ထပ်ပြောပါ့မယ်။ အဲဒီအစီအစဉ် လုံးဝ မရှိတော့ပါဘူး။ ဥပဒေကြမ်းက ပျက်သွားပါပြီ ဟု ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြမ်းသည် တရားမျှတမှုမရနိုင်သော ပြည်မကြီး တရားစီရင်ရေး စနစ်အောက်သို့ ဟောင်ကောင်ပြည်သူများအား သွတ်သွင်းခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

ထို့အပြင် ယင်းဥပဒေကြမ်းသည် ဟောင်ကောင်ကျွန်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်အတန်းကို နှိမ့်ချကန့်သတ်မည့် ဘေဂျင်း၏ အကြံအစည် တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ကို ဟောင်ကောင်လူထုက စိုးရိမ်နေကြသည်။

ဟောင်ကောင်ကျွန်းသည် ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှု လက်အောက်မှ တရုတ်နိုင်ငံလက်အောက်သို့ လွှဲပြောင်းရောက်ရှိခဲ့သော်လည်း တစ်နိုင်ငံစနစ်နှစ်မျိုး မူဝါဒအရ သီးခြားစီမံအုပ်ချုပ်ခွင့် ရရှိခဲ့သည်။

တနင်္ဂနွေနေ့က ဟောင်ကောင်ပြည်သူ ၂၃၀,၀၀၀ ခန့်သည် ဟောင်ကောင်ကျွန်းနှင့် တရုတ်ပြည်မ ချိတ်ဆက်ပြေးဆွဲသော မီးရထားဘူတာရုံသို့ ချီတက်ကာ ပြည်မကြီးအပေါ် မကျေလည်မှုများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ချီတက်ပွဲအပြီးတွင် ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

Credit: DW

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button