ဆောင်းပါး
လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလတလျှောက်လုံး မြန်မာစစ်တပ်ဟာ ဝေဟင်တခွင်ကို သူတို့အတွက် အလုံခြုံဆုံး စစ်မြေပြင်တခုအဖြစ် သတ်မှတ်ထားခဲ့တာပါ။ မြေပြင်တပ်တွေက စခန်းတွေ၊ မြို့ရွာတွေနဲ့ ဗျူဟာကျတဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေလက်ထဲ ဆုံးရှုံးခဲ့ရပေမယ့်၊ သူတို့ရဲ့ လေယာဉ်တွေကတော့ အဲဒီဆုံးရှုံးနယ်မြေပေါ်ကနေ ပျံသန်းနိုင်သလို ရန်သူကို ဗုံးကြဲပြီး လုံခြုံရေးအထပ်ထပ်ချထားတဲ့ လေတပ်စခန်းတွေဆီ အေးအေးဆေးဆေး ပြန်လှည့်နိုင်ခဲ့ကြပါတယ်။
စစ်တပ်အာဏာပိုင်တွေက တော်လှန်ရေးအဖွဲ့တွေဟာ အရပ်ဘက် အဆောက်အဦတွေကို ပစ်မှတ်ထားနေပါတယ်ဆိုပြီး စွပ်စွဲလာသလို၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုပါ ကိုးကားပြောဆိုလာပါတယ်။ မြန်မာ့လေတပ်ကိုယ်တိုင်က သူတို့ရဲ့ ဗုံးကြဲစစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ၊ ဝေဖန်မှုတွေ ပိုပြီးရင်ဆိုင်နေရချိန်မှာ အခုလို ပြောလာတာပါ။
မညီမျှတဲ့ လေကြောင်းစစ်ပွဲ
တံတားဦးတိုက်ခိုက်ခံရမှုက အရေးပါနေတဲ့ နောက်ထပ်အကြောင်းရင်းတခုလည်း ရှိပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ပွဲကာလတလျှောက်လုံး စစ်တပ်ရင်ဆိုင်နေရတဲ့ “မြေပြင်တပ်တွေ လုံလုံခြုံခြုံ မထိန်းချုပ်ထားနိုင်တော့တဲ့ နေရာတွေမှာ ဘယ်လိုဆက်တိုက်မလဲ” ဆိုတဲ့ ပြဿနာအတွက် လေတပ်ဟာ အဓိကအဖြေတခု ဖြစ်လာခဲ့တာပါ။
ဒီအခြေအနေကို သမိုင်းထဲက ဆိုဗီယက်- အာဖဂန်စစ်ပွဲနဲ့ အတိုင်းအတာတခုအထိ နှိုင်းယှဉ်သုံးသပ်လို့ ရပါတယ်။
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



