အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦစိန္တိတကို တပ်မတော် တရားစွဲဆိုထားမှု ယနေ့ ရဲတပ်ဖွဲ့ လာရောက်စစ်ဆေး

တပ်မတော်ကို Facebook ပေါ်တွင် ဝေဖန်ရေးသားမှု ပြုလုပ်သည်ဟုဆိုကာ ဦးစိန္တိတကို ၆၆ဃဖြင့် တရားစွဲဆိုထားမှုအား ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ၆ရက်နေ့) ညနေ၅နာရီတွင် ဆရာတော် သီတင်းသုံးရာကျောင်းသို့ လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဆရာတော်ထံမှ သိရသည်။

“တပ်မတော်က တိုင်တန်းတဲ့အပေါ် လုပ်ထုံးလုပ်နည်းအရ ရဲက လာစစ်ဆေးတာပေါ့၊ ဦးဇင်းရေးသားခဲ့တဲ့ အချက်ငါးချက်နဲ့ ပတ်သက်ပြီး စစ်ဆေးတယ်”ဟု ဆရာတော်က မိန့်သည်။

တပ်မတော်နှင့် ပတ်သက်၍ Facebook တွင် ဝေဖန်ရေးသားမှုများ ပြုလုပ်သဖြင့် ဦးစိန္တိတကို မေလ ၂၇ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြည်ကြီးတံခွန် တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ ယင်းသို့ တရားစွဲဆိုခဲ့မှုအပေါ် ရဲတပ်ဖွဲ့က ယနေ့ ဦးစိန္တိတကို လာရောက်စစ်ဆေးခြင်း ဖြစ်သည်။

ယင်းရေးသားခဲ့သော အချက်များတွင် ‘စစ်တပ် လုပ်ချင်ရာလုပ်နေတာ ကြံ့ခိုင်ရေး လုပ်ချင်ရာလုပ်နေတာ ဝီရသူနဲ့ အပေါင်းအပါတွေ ရိုင်းချင်တိုင်း ရိုင်း လုပ်ချင်တိုင်း လုပ်နေတာဟာ ၂၀၀၈ ခြေဥ အကာအကွယ်ကြောင့် ဒါကြောင့် ၂၀၀၈ ခြေဥကို ဝိုင်းထုဖို့သာ ဆက်ကြိုးစားကြပါ’

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့ကတော့ စိတ်ခံစားချက်အရ တိုင်တန်းတယ်ပေါ့၊ ဦးဇင်းတို့က တိုင်းပြည်ရှေ့ရေးကြည့်ပြီး အပြုသဘောနဲ့ ဝေဖန်ရေးသားခဲ့တာ၊ တပ်မတော်ကို ထိခိုက်စေလိုတာမပါဘူး”ဟု မိန့်သည်။

ဆရာတော်ကို သွားရောက်စစ်ဆေးခြင်းမှာ မှန်ကန်ပါကြောင်း သို့သော် အမှုစစ်များ ပြန်ရောက်လာခြင်း မရှိသေးသည့်အတွက် မပြောနိုင်သေးကြောင်း ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ဦးစိန္တိတမှာ ၂၀၀၇ ရွှေဝါရောင်သံဃာ့ အရေးအခင်းတွင် ပါဝင်ခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။

တပ်မတော်က နောက်ထပ် ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးသောဘိတ(အလင်္ကာကြယ်)ကိုလည်း အမရပူရမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ယခုနှစ်ဆန်းပိုင်းက တရားစွဲဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button