အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်ကိုဝေဖန်သည့် နောက်ထပ် ဘုန်းကြီးတစ်ပါး တရားစွဲခံရ

တပ်မတော်နှင့် ပတ်သက်၍ Facebook တွင် ဝေဖန်ရေးသားမှုများ ပြုလုပ်သဖြင့် ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို မေလ ၂၇ ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြည်ကြီးတံခွန် တရားရုံးတွင် ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုလိုက်သည်။

“ဦးဇင်းဆီကိုတော့ ဘာစာရွက်စာတမ်းမှ ရောက်မလာသေးဘူး။ တရားစွဲတယ်လို့ပဲ သိရတာပေါ့။ ဘာရေးသားချက်ကြောင့် ဘာပုဒ်မနဲ့စွဲတယ်ဆိုတာ ဘာမှမသိရသေးဘူး”ဟု ဆရာတော် ဦးစိန္တိတက Myanmar Now ကို မိန့်သည်။

ယခုကဲ့သို့ တပ်မတော်အနေဖြင့် မဟာသံဃာ့နာယကကို ကျော်လွန်၍ တရားရုံးသို့ ဦးတိုက်လျှောက်ကာ အမှုဖွင့်လိုက်ခြင်းမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းကို မလိုက်နာခြင်းဖြစ်ကြောင်း ဆရာတော်ကမိန့်သည်။

“စစ်တပ်က သဘောထားမြင့်လာမှာလည်း မဟုတ်ဘူး။ သဘောထားမကောင်းသေးဘူး။ တကယ်တော့ ဒါဆဲဆိုနေတာမဟုတ်ဘူး။ ဝေဖန်ပြတာပဲရှိတယ်”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းအမှုနှင့်ပတ်သက်ပြီး တရားရုံးတွင် အမှုဖွင့်ထားသည်ကိုပဲ သိရှိကာ အကြောင်းမကြား လာသေးသည့်အတွက် ချိန်းဆိုသောရုံးချိန်းနှင့် မည်သည့်ရေးသားချက်ကို စွဲဆိုသည်ကို မသိရသေးကြောင်း ဆရာတော်က မိန့်သည်။

တပ်မတော်သည် နောက်ထပ် ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်သည့် ဦးသောဘိတ(အလင်္ကာကြယ်)ကိုလည်း အမရပူရမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ယခုနှစ်ဆန်းပိုင်းက တရားစွဲဆိုထားသည့်အပြင် အခြားပုဒ်မတစ်ခုဖြင့်ပါ တရားရုံးကို ဦးတိုက်လျှောက်ထားကာ ထပ်မံတရားစွဲဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button