အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ပိတ်သိမ်းရေး ကျိန်စာတိုက်ပွဲ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆန့်ကျင်နေသူများက ယနေ့နေ့လယ်က စီမံကိန်းနယ်မြေအနီး အောင်သပြေကျေးရွာ အနောက်ဘက်တွင် ကျိန်စာတိုက်ပွဲ ပြုလုပ်ခဲ့ကြသည်။

“ဒီကုမ္ပဏီကြီးကို ခွင့်ပြုလိုက်ရင် ကျွန်မတို့ရွာတစ်ရွာလုံး ဒုက္ခရောက်မှာပါ။ ကျွန်မတို့ မှီခိုနေရတဲ့ ဒီတောတောင်ကြီးကို ဖျက်ဆီးတဲ့သူမှန်သမျှ ဒုက္ခရောက်ကြပါစေ။

ကျွန်မတို့ ကျိန်စာတိုက်ပါတယ်”ဟု စီမံကိန်းကို ကန့်ကွက်သဖြင့် ပုဒ်မ၁၉ဖြင့်တရားစွဲခံထားရသူ မယဉ်ယဉ်အောင်က ပြောသည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး ထုတ်လုပ်မည့် အဆိုပါ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဦးသိန်းစိန် လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှု အုပ်စု ကုမ္ပဏီလီမိတက်” ကို လုပ်ပိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ကန့်ကွက်ခဲ့ကြသည့် ဒေသခံ ၂၁ ဦးသည် ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် တရားစွဲခံရပြီး လမ်းတံတားဥပဒေဖြင့်လည်း တရားစွဲခံရသူ ၅ဦး လည်းရှိခဲ့သည်။

ရွာသားများက စက်ရုံအဝင်အထွက်လမ်းအတွက် ၎င်းတို့၏မြေများကို အစိုးရက သိမ်းယူခဲ့သည်ဟု စွပ်စွဲခဲ့ပြီး စီမံကိန်းကို ဆန့်ကျင်နေကြခြင်း ဖြစ်သည်။

ရွာသားတို့၏ စွပ်စွဲချက်များကို တိုင်းအစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ငြင်းဆန်လိုက်ပြီး အစိုးရသည် လုပ်ထုံးလုပ်နည်းအတိုင်းသာ လုပ်ခဲ့သည်ဟု Myanmar Now ကို ပြောခဲ့ဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button