အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်ကို ရဲရင့်ပြတ်သားစွာ အစဖော်သင့်ဟု SNLD တိုက်တွန်း

တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ စုပေါင်းညှိနှိုင်း၍ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က ပြောသည်။

“အခုတော့ CRPH ကလည်းပဲ ဒီလမ်းကြောင်းပေါ် ရောက်လာပြီလေ။ ရှင်းရှင်းပြောရရင် မြေပြန့်ကလူတွေ တော်တော်များများက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ပါလား၊ ပိုပြီး စည်းလုံးညီညွတ်မှုကို ဦးတည်တာပဲဆိုပြီး နားလည်လာတဲ့အချိန်မှာ ပိုပြီး တွန်းတွန်းတိုက်တိုက် လုပ်သင့်တယ်။ တွန်းတွန်းတိုက်တိုက်ဆိုတာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး၊ ဒါကို ဦးတည်ပြီး လုပ်သင့်တယ်”ဟု စိုင်းလိတ်က ပြောသည်။

NLD အမတ်အများစုဖြင့် စုဖွဲ့ထားသည့် CRPH က ကြားဖြတ်အစိုးရဖွဲ့စည်းမည်ဟု ကြေညာထားရာ လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အဆင်သင့်မဖြစ်သေးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမချပြနိုင်ပါက ပိုကောင်းကြောင်း ၎င်းက ဆက်​ပြောသည်။

“ဒီအချိန်က လူထုရဲ့ စိတ်ဓာတ်က အမြင့်ဆုံးကို ရောက်နေတယ်။ ဖက်ဒရယ်ဆိုတဲ့စကားလုံးကိုလည်း အားလုံးက လက်ခံနေတဲ့အချိန်မှာ ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အစဖော်သင့်ပြီ။ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်သွားသင့်တယ်”ဟု စိုင်းလိတ်က အကြံပြုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်‌ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်းယခုအချိန်တွင်  တိုင်းရင်းသားများ အနေဖြင့်နိုင်ငံရေးအရ၊စစ်ရေးအရ စုပေါင်းထားသည့် ဩဇာရှိသော စုဖွဲမှု ဦးစွာလုပ်သင့်သည်ဟု ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ CRPHကို တစ်ဖွဲ့ချင်းဆက်သွယ်ပြီး ပြောဆိုတဲ့ အဖွဲ့တွေရှိသလို တိုင်းရင်းသားတပ်ပေါင်းစုအနေနဲ့ ကိုယ့်တာဝန်ကိုယ်ဝင်ယူပြီး လုပ်မယ့်အဖွဲ့ အဲဒီလို နှစ်ခုရှိရင် ပိုအဆင်ပြေတယ်။ တပ်ပေါင်းစုဖွဲ့ပြီးရင်တော့ CRPH နဲ့ တပ်ပေါင်းစုနဲ့ တွဲပြီး လုပ်ဆောင်တာ ဖြစ်လာမှာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် စုဖွဲ့ထားသည့် CRPH အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ဖျက်သိမ်းကြောင်းနှင့် ညီညွတ်ရေးအစိုးရ ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေညာထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button