သေဆုံးခဲ့သူများ
-
သတင်း
နေပြည်တော်ပျဉ်းမနား ဆန္ဒပြသူတို့ အပစ်ခံရ၊ လူငယ်တစ်ဦး ကျဆုံး
ဆိုင်ကယ်ဖြင့် လှည့်လည်ဆန္ဒပြသူတို့ကို စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်ပြီးနောက် ရုပ်အလောင်းတစ်ခုကို စစ်ဆေးရုံသို့ သယ်ယူသွားသည်ဟု ဒေသခံတို့က ပြောသည်
-
သတင်း
ဗန်းမော်တွင် ကင်းသမားလူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်
ဗန်းမော်မြို့ လူနေရပ်ကွက်အတွင်း စစ်ကောင်စီ၏ တပ်မ ၇၇ က အကြမ်းဖက်စီးနင်းရာ ၂၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး ၁၀ ဦး အဖမ်းခံလိုက်ရသည်
-
သတင်း
သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ ဒဏ်ရာရသူနှစ်ဦး ဖမ်းဆီးခံထားရ
မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ယနေ့ (ဧပြီ ၃) နံနက်ပိုင်းတွင် အင်အားသုံးဖြိုခွင်းခဲ့ပြီး ကျည်ထိ ဒဏ်ရာရရှိထားသူ နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရထားရသည်ဟု မြို့ခံများက ပြောသည်။ နံနက်…
-
သတင်း
မုံရွာသပိတ်ဖြိုခွင်းခံရမှု ဒဏ်ရာရသူများရှိသော်လည်း ကျဆုံးသူ ၂ ဦးကိုသာ အတည်ပြုနိုင်သေး
ဦးခေါင်းကို ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး၊ ကျည်ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို စစ်တပ်က ဆွဲယူသွားကြောင်း၊ အခြားဒဏ်ရာရသူ ၅ ဦးလည်းရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်
-
သတင်း
ရန်ကုန်မှ ဆန္ဒပြကျူရှင်ဆရာ ထိန်းသိမ်းခံရစဉ် သေဆုံး
ရန်ကုန်၊ ယုဇနအိမ်ရာ ဆန္ဒပြပွဲမှ ကျူရှင်ဆရာတစ်ဦး ဖမ်းဆီးခံရပြီး လေးရက်အကြာတွင် အတွင်းဒဏ်ရာများဖြင့် သေဆုံးသွားသည်။