အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ ဒဏ်ရာရသူနှစ်ဦး ဖမ်းဆီးခံထားရ 

မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်းကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ယနေ့ (ဧပြီ ၃) နံနက်ပိုင်းတွင် အင်အားသုံးဖြိုခွင်းခဲ့ပြီး ကျည်ထိ ဒဏ်ရာရရှိထားသူ နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရထားရသည်ဟု မြို့ခံများက ပြောသည်။ 

နံနက် ၈ နာရီတွင် သထုံမြို့ပေါ်၌ ပေါ်တော်မူကျေးရွာသား ၁၀၀ နီးပါးက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြရာ နာရီဝက်အကြာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ နီးပါးက အကြမ်းဖက်ဖြိုခွင်းခဲ့သည်ဟု သိရသည်။

သေစေလောက်သည်အထိ ဒဏ်ရာရရှိထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ရဲကားဖြင့် ခေါ်ဆောင်သွားကြောင်း မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အမျိုးသမီးငယ်လေးကို ဆေးရုံပို့တဲ့ လမ်းမှာ လုသွားတယ်။ ဒဏ်ရာရတဲ့လူတွေကို ဆေးရုံပို့မယ်ပြောတယ်။ အခုချိန်ထိ ဆေးရုံမရောက်သေးဘူး။ အဲဒီကားတွေနဲ့ (မြို့ထဲ) ပတ်မောင်းနေတာ” ဟု အထက်ပါမြို့ခံက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရင်ဘတ်တွင် ဒဏ်ရာရရှိထားသည့် အသက် ၅၀ ဝန်းကျင် ဦးသိန်းတန်ကို စစ်ကောင်စီလက်နက်ကိုင်များက ကားပေါ်တင်‌ခေါ်သွားကြပြီး ဝမ်းဗိုက်ဒဏ်ရာရရှိထားသူ အမျိုးသမီးကို ပြည်သူများက ဆေးရုံသို့ ပို့ဆောင်နေစဉ် စစ်တပ်က လိုက်လံလုယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button