သေဆုံးခဲ့သူများ
-
သတင်း
တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိ
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်းသည့် စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် စစ်ကောင်စီလက်နက်ကိုင်များက စနိုက်ပါများ၊ စက်သေနတ်များဖြင့်ပါ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ဒေသခံအချို့က လက်လုပ်တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်
-
သတင်း
မန္တလေးတွင် မောင်းလာသည့်ဆိုင်ကယ်ကို ပစ်ခတ်သဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
စစ်ကောင်စီတပ်များက လူထုကို နေ့စဉ် ပစ်ခတ်လျက်ရှိရာ ယမန်နေ့ (ဧပြီ ၄) ရက်နေ့ကလည်း မန္တလေးမှ ဆိုင်ကယ်စီးလာသူ အမျိုးသမီးကို ပစ်သတ်လိုက်သည်
-
သတင်း
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့တွင် ပစ်ခတ်ဖြိုခွင်းခံရသဖြင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူနှစ်ဦးကို ပြန်လွှတ်ပေးရန် ဝိုင်းဝန်းတောင်းဆိုရာတွင် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းသဖြင့် ဒေသခံများကလည်း လက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်
-
သတင်း
မကွေးတိုင်း မြစ်ခြေတွင် ဖမ်းဆီးခံရသူ လေးဦးအနက် ၂ ဦးသေ၊ ၂ ဦးပျောက်ဆုံးနေ
ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် အသက် ၄၀ အရွယ် ကိုဝင်းကျော်နှင့် ကိုစောထွန်းဆိုသူတို့ သေဆုံးကြောင်း စစ်ကောင်စီက အကြောင်းကြားလာပြီး ၎င်းတို့ကို မိသားစုဝင်မပါဘဲ မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်
-
သတင်း
စစ်ကောင်စီတပ်များ ပစ်သတ်ရုံသာမက အလောင်းဖျောက်မှုပါ ကျူးလွန်
အာဏာသိမ်းတပ်ဖွဲ့က ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်ရုံသာမက ရုပ်အလောင်း ဖျောက်ဖျက်ခြင်း၊ သုဿာန်အထိ သွားရောက် နှောက်ယှက်ခြင်းတို့ကိုလည်း တစ်ခါတစ်ရံ ကျူးလွန်နေသည်