အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်ပျဉ်းမနား ဆန္ဒပြသူတို့ အပစ်ခံရ၊ လူငယ်တစ်ဦး ကျဆုံး 

ယနေ့ (ဧပြီ ၄) မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ဆိုင်ကယ်ဖြင့် မြို့တွင်းလှည့်လည်ဆန္ဒပြသူများကို စစ်ကောင်စီတပ်များက ပစ်ခတ်ရာ လူငယ်တစ်ဦးကျဆုံးသွားသည်ဟု ကျန်းမာရေးဝန်ထမ်း၊ ကယ်ဆယ်ရေးဝန်ထမ်း၊ ဆန္ဒပြသူ စသည့် နေပြည်တော်မှ သတင်းရင်းမြစ် ၄ ခုက ပြောသည်။

နောက်ကျောတွင် ကျည်ထိမှန်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးသွားသူမှာ အသက် ၂၀ ကျော်အရွယ် ကိုသိန်းတန်ဦးဖြစ်သည်ဟု သိရသည်။

“(ရုပ်အလောင်းကို) အိမ်သယ်မသွားဘူး။ စစ်သားတွေက နာရေးကူညီမှုကားနဲ့ နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံကို သယ်သွားတာပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ဒဏ်ရာပြင်းထန်သူတစ်ဦး ရှိသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နေ့လယ် ၁၂ နာရီကျော်တွင် လူဦးရေ ၃၀၀ ကျော်ဖြင့် ဆိုင်ကယ်များ လှည့်လည်ဆန္ဒပြခဲ့ပြီး ဆန္ဒပြပွဲအပြီး ၂ နာရီထိုးအချိန်တွင် စတင်ပစ်ခတ်ခဲ့ကြောင်း ဆန္ဒပြသူများက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မတ်လ ၃၁ ရက်နေ့အစည်းအဝေးတွင် ကုလထွေအထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener က မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်နေသည်ဟု ပြောဆိုခဲ့သည်။

ထိုပြောဆိုချက်ကို စစ်ကောင်စီက ဧပြီ ၂ တွင် တုံ့ပြန်ရာ ထိုပြောကြားချက်များသည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကင်းကွာနေကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း တုံ့ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြားရှိ ဆန့်ကျင်ကန့်ကွက်သော ပြည်သူများကို လိုက်လံပစ်ခတ်ရာ ဧပြီ ၃ ရက်နေ့အထိ ပြည်သူ ၅၅၇ ဦး ကျဆုံးပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button