အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်ခိုင်ဖြိုးအနိုင်ရ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ(၂) တွင် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းလွှတ်တော်အမတ် ဦးနေမျိုးအောင်က ဆန္ဒမဲ ၁၅၈ မဲအသာဖြင့် အစဉ်အလာပြိုင်ဘက် NLD ကို အနိုင်ရရှိသွားသည်။

ဦးနေမျိုးအောင်မှာ မဲရုံနှစ်ခုပေါင်းရလဒ် ၅၁၅ မဲရရှိခဲ့ပြီး လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်အမတ် ဦးသန်းထိုက်အောင်က ၃၅၆ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။

ဆိပ်ကမ်းမြို့နယ်သားဖြစ်သည့် ပြည်ခိုင်ဖြိုးအမတ် ဦးနေမျိုးအောင်မှာ ငယ်မွေးခြံပေါက်ဖြစ်သည့်အတွက် အသာရခြင်းဖြစ်မည်ဟု မဲဆန္ဒရှင်တစ်ဦးက မှတ်ချက်ပေးသည်။

ဦးနေမျိုးအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးမောင်မောင်သန်းကို မဲ ၁၀၀ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

၂၀၁၅ တွင်ရှုံးနိမ့်ခဲ့သည့်အတွက် မြို့နယ်နေပြည်သူများမှ ယုံကြည်မှုနည်းသွားပြီဟု ယူဆမိခဲ့သော်လည်း ယခုလိုအနိုင်ပြန်ရသည့်အတွက် ဝမ်းသာမိကြောင်း ဦးနေမျိုးအောင်က ပြောသည်။

“ နိုင်ငံရေးမှာ အမြဲတမ်းအနိုင်မရှိသလို အမြဲတမ်းအရှုံးဆိုတာလည်း မရှိနိုင်ဘူး” ဟု ဦးနေမျိုးအောင်က မှတ်ချက်ပေးသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဆိပ်ကမ်းမြို့နယ်တွင် လူဦးရေ ၂၈၂၆ ဦးရှိပြီး မဲပေးခွင့်ရှိသူအရေအတွက် ၁၄၃၄မဲရှိပြီး အမှန်တကယ်မဲပေးသည့်လူဦးရေမှာ ၉၃၃ မဲသာရှိသည်။

ဆိပ်ကမ်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၉ ဦးတွင် တစ်သီးပုဂ္ဂလအနေဖြင့် ရွေးကောက်ခံသည့် ဦးခင်လှိုင်မှာ ၃၉ မဲရရှိခဲ့ပြီး ကျန်သည့် ပါတီများမှာ ၁၀ မဲထက် မကျော်သည့် မဲများသာရရှိခဲ့ကာ မဲတစ်မဲမျှ မရရှိသည့် ပါတီများလည်းရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button