အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပြည်ပအားကိုး ပုဆိန်ရိုးဟု ကြွေးကြော်ခဲ့သည့် ကြံ့ခိုင်ရေးပါတီက ရုရှားကို စစ်ကူတောင်း

ရှမ်းမြောက်ဒေသ လားရှိုးမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ ထိုးစစ်ကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရချိန်မှာ အင်အားချည့်နဲ့နေတဲ့ အာဏာရှင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးစီးတဲ့ စစ်ကောင်စီကို ရုရှားနိုင်ငံက စစ်ကူပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီက လူသိရှင်ကြားမေတ္တာရပ်ခံလိုက်ပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်ကစလို့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကြွေးကြော်ဆောင်ပုဒ်ဟာ “ပြည်ပအားကိုးပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား၊ ဆန့်ကျင်ကြ” ဖြစ်ပြီး အခုအချိန်မှာတော့ တော်လှန်ရေးတပ်တွေနဲ့ စစ်မြေပြင်တိုက်ပွဲ မှာ အရေးနိမ့်လာတဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ ထောက်တိုင်တွေဟာ အာဏာတည်မြဲရေးအတွက် ပြည်ပနိုင်ငံ ရုရှားကို စစ်ကူတောင်းနေရပြီဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သံတမန်ရေး၊ စစ်ရေးအမှားတွေ အကျိုးဆက်ကြောင့် အခုလို ရုရှားကို စစ်ရေးအကူအညီတောင်းလည်း ဆေးမမီနိုင်တော့ဘူး၊ နောက်ကျနေပြီလို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button