အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ပိုင် ကုန်တိုက်နှစ်ခုမီးလောင်ချိန်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်ဖြစ်

ရန်ကုန်မြို့လယ်ရှိ စစ်တပ်ပိုင် Ruby Mart ကုန်တိုက်နှင့် မရမ်းကုန်းမြို့နယ် ဝေဇယန္တရာလမ်းပေါ်ရှိ ဂန္ဓမာ wholesale ဈေးဝယ်စင်တာတို့ မီးလောင်ကျွမ်းခဲ့ခြင်းမှာ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် အချိန် အတွင်းဖြစ်သည်။

Ruby Mart ကုန်တိုက် မီးလောင်သည့်အချိန်မှာ ယနေ့ (ဧပြီ ၁) နံနက် ၂ နာရီအချိန်နှင့် ဂန္ဓမာ wholesale ဈေးဝယ်စင်တာ မီးလောင်သည့်အချိန်မှာ နံနက် ၂ နာရီ ၅ မိနစ်အချိန်ဖြစ်ကြောင်း ရန်ကုန်တိုင်းမီးသတ် ဦးစီးဌာန ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။ 

နံနက် ၂ နာရီဝန်းကျင်တွင် စတင်မီးလောင်ခဲ့သည့် ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ  Ruby Mart  ကုန်တိုက်မှာ နံနက် ၇ နာရီဝန်းကျင်တွင် ကုန်တိုက်တစ်ခုလုံးနီးပါး လောင်ကျွမ်းပြီးဖြစ်ကြောင်း နံနက် ၈ နာရီဝန်းကျင်တွင် မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“မီးသတ်ကားတစ်စင်းက အပေါ်ထပ်ကို လှေကားနဲ့ မီးသတ်နေတာတွေ့တယ်။ အထပ်အားလုံး ရစရာမရှိအောင် ပျက်စီးနေတာ တွေ့ရတယ်။ ထူးဆန်းတာက ဘေးနားက နံရံချင်းကပ်နေတဲ့ ဟိုတယ်က မီးမလောင် ဘူး” ဟု ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Ruby Mart စျေးဝယ်စင်တာ၏ အလွှာတစ်ထပ်နှင့် တစ်ထပ်ကြား အမြင့်တည်ရှိမှုနှင့် ပစ္စည်းထားသိုပုံ အနေအထားအရ အလွှာတိုင်း ပျက်စီးလောင်ကျွမ်းရန် မလွယ်ကူကြောင်းလည်း ကျောက်တံတားမြို့နယ် အတွင်းနေထိုင်သူ အဆိုပါအမျိုးသားက သုံးသပ်သည်။ 

“အဲ့ဒီရဲ့အကျယ်အဝန်း၊ အဲ့ဒီက ပစ္စည်းတွေ ထားသိုပုံအရဆိုရင် တစ်ခုလုံးလောင်ကျွမ်းဖို့ဆိုတာ နှံ့နှံ့စပ်စပ်စပ် လောင်ကျွမ်းဖို့ဆိုတာကတော့ အပြင်ကနေလုပ်လို့ မရနိုင်သလို အထဲကနေ လုပ်မယ်ဆိုရင် တော်တော်ကြီးကို လုပ်မှရမှာ ဖြစ်တယ်။ ဖြစ်တဲ့အချိန်ကလည်း အရပ်သားတွေ အပြင်ထွက်လို့ မရတဲ့အချိန်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

မရမ်းကုန်းမြို့နယ်မှ ဂန္ဓမာ Wholesale ကုန်တိုက်သည်လည်း နံနက် ၂ နာရီဝန်းကျင်တွင် စတင်မီးလောင်ခဲ့ပြီး နံနက် ၉ နာရီအထိ မီးငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

အဆိုပါကုန်တိုက်နှစ်ခုလုံးကို စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Shwe Gandamar Interntaional Trading ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သိရသည်။ 

ဂန္ဓမာ Wholesale ကုန်တိုက်ရှေ့ မီးလောင်ပြင်ရှေ့တွင် နံနက် ၉ နာရီခန့်က စစ်တပ်နှင့် ရဲများ လုံခြုံရေးယူထားပြီး စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် CNN သတင်းထောက်နှင့်အဖွဲ့လည်း သွားရောက် လေ့လာနေသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော မှတ်တမ်းဓာတ်ပုံများအရ သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button