သတင်း

ပလက်ဝတွင် ချင်းတော်လှန်ရေးအဖွဲ့ချင်း တိုက်ပွဲထပ်ဖြစ်၊ တစ်ဦးသေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ယခုလ ၁၇ ရက်နေ့က ချင်းတော်လှန်ရေးအဖွဲ့ အချင်း ချင်း တိုက်ပွဲထပ်ဖြစ်ရာ တစ်ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

ပလက်ဝမြို့နယ်မြောက်ပိုင်း မတူပီမြို့နယ်နှင့်ကပ်လျှက် ပိုက်တေးရွာတွင် ချင်းအမျိုးသား တပ်မ တော် (CNA)/ မရာချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF Mara) ပူးပေါင်းတပ်ဖွဲ့နှင့် မရာဒေသတော်လှန် ရေးအဖွဲ့ (Maraland Defense Force) တို့တိုက်ပွဲဖြစ်ခဲ့သည်။ 

ပိုက်တေးရွာရှိ ၎င်းတို့၏ ယာယီစခန်းကို CNF/CDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တစ်နာ ရီနီးပါးကြာ တိုက်ပွဲဖြစ်သည်ဟု မရာတော်လှန်ရေးအဖွဲ့ (MDF) မှ ကာကွယ်ရေးဌာန အတွင်းရေးမှူး ကိုဓူဝံက ပြောသည်။

“သူတို့ဘက်က ဒရုန်းနဲ့ ကျူးကျော်လာတယ်ပြောရမှာပေါ့။ စပြီးတော့ ထိုးစစ်ဆင်တဲ့သဘောပါပဲ”

တိုက်ပွဲအတွင်း CNF/CDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာသည် ဟုဆိုသော်လည်း MDF ဘက်တွင် ထိခိုက်သေဆုံးမှု ရှိမရှိ မသိရပေ။

တိုက်ပွဲ၌ ပလက်ဝအခြေစိုက် MDF နှင့် ပူးတွဲလှုပ်ရှားသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်ဟု CDF Mara ဘက်က ဆိုသော်လည်း MDF က ငြင်းဆိုသည်။ ထို့အတူ AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ရခိုင်နှင့်ချင်းပြည်နယ်အစပ် ကုလားတန် မြစ်ဘေးရှိ ပလက်ဝ မြို့နယ်သည် အချက်အချာကျသည့် ဒေသဖြစ်သည်။ ပလက်ဝမြို့ကို ဇန်နဝါရီ လလယ်ပိုင်းမှစ၍ AA က သိမ်းပိုက်ထားသည်။

ပိုက်တေးရွာတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် CNA တပ်ဖွဲ့ဝင်။

ပလက်ဝဒေသတွင် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်း ဒုတိယအကြိမ်မြောက် တိုက်ပွဲဖြစ်ကာ လွန်ခဲ့  သည့် ဇန်နဝါရီ ၂၄ ကလည်း CNA/CDF ပူးပေါင်းဂိတ်စခန်းတစ်ခုကို MDF အဖွဲ့က သွားရောက်တိုက် ခိုက်ခဲ့သည်။ ပလက်ဝနှင့် ကပ်လျက် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အတွင်းရှိ ထိုဂိတ်စခန်းကို တိုက် ခိုက်စဉ် CNA မှ တပ်ကြပ်တစ်ဦး၊ CDF Mara မှတပ်ခွဲမှူးတစ်ဦး သေဆုံးခဲ့ကာ CDF-Mara မှ ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာရခဲ့သည်။

ထိုသို့ဖြစ်ပွားပြီးနောက် CNA/CDF ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁ ရက်တွင် MDF ယာယီစခန်း တစ်ခုကို တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၁၇ တွင် ပလက်ဝ-မတူပီအစပ်ရှိ MDF ယာယီတပ်စခန်းကို တိုက်ခိုက်လာခြင်းဖြစ်သည်။

စစ်ရေးတင်းမာနေသော AA/MDF နှင့် CNA/CDF နှစ်ဖက်ပူးပေါင်းတပ်ဖွဲ့များအကြား ယခုနှစ်ဆန်းပိုင်း မှစ၍ အပြန်အလှန်ဖမ်းဆီးမှုများနှင့်အတူ အခြေအနေ ပို၍တင်းမာလာခြင်းဖြစ်သည်။ မြန်မာ – အိန္ဒိယ နယ်စပ် ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာအနီး လှုပ်ရှားနေသော MDF က CDF Mara ၏ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ ဝင် ၄ ဦးကို ဖမ်းဆီးခဲ့သည်။

ရိက္ခာလာဝယ်သည့် တပ်ခွဲမှူးနှင့်တပ်သားတို့ကို ဖမ်းလိုက်ပြီး ထိုကိစ္စ သွားရောက်ညှိနှိုင်းသည့် ဗျူဟာ မှူး အပါအဝင် အခြားတပ်ဖွဲ့ဝင်များ ဖမ်းခံလိုက်ရသည်ဟု CDF Mara ဘက်က ထုတ်ဖော်ပြောဆိုခဲ့ သည်။

ထိုဖမ်းဆီးခံထားရသူများနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ  အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ် သည်ဟု CDF Mara ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဂျိမ်းကလည်း ပြောသည်။ 

“သတင်းအစနလည်း ဘာမှ မကြားမိတော့ဘူး။ သူတို့လက်ထဲမှာပဲ အခု ရှိနေသေးတယ်” 

မရာလူမျိုးအခြေပြု ချင်းတော်လှန်ရေးနှစ်ဖွဲ့ကြားမှ ပဋိပက္ခ

မရာလူမျိုးစုများဖြင့် စုဖွဲ့ထားသည့် CDF Mara နှင့် MDF အဖွဲ့တို့မှာ ၂၀၂၂ ခုနှစ်က ပဋိပက္ခအချို့ ဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ ယခုနှစ်ဆန်းပိုင်းကစပြီး ထိုနှစ်ဖွဲ့ကြား တကျော့ပြန် စစ်ရေး တင်းမာနေသည်။ 

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် စုဖွဲ့ခဲ့သည့် CDF Mara သည် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) နှင့် နီးကပ်သည့်ဆက်ဆံရေးရှိပြီး CNF ဦးဆောင်ဖွဲ့စည်းထားသည့် “ ချင်းလဲန်းကောင်စီအဖွဲ့ဝင်” လည်း ဖြစ်သည်။

MDF မှာမူ ချင်းလဲန်းကောင်စီတွင် မပါဝင်သည့် မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်မှ ချင်းဒေသ ကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် “ ချင်းညီနောင်အဖွဲ့ဝင်” အဖြစ် ရပ်တည်ကာ အချို့မှာ AA နှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။ AA က ထိုဒေသရှိ ဗျူဟာကုန်း ၂ ခုအပါအဝင် စစ်တပ်စခန်းများ ကို တိုက်ခိုက်သိမ်းယူစဉ် MDF က ပူးပေါင်းပါဝင်ခဲ့သည်။

ချင်းတော်လှန်ရေးအင်အားစုများအကြား “ချင်းလဲန်းကောင်စီ” နှင့် “ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ” နှစ်ခုအပြိုင်ဖြစ်နေရာ “ ချင်းညီနောင်အဖွဲ့” မှာ ကြားကာလချင်းအမျိုသား အတိုင်ပင်ခံကောင်စီ” နှင့် လက်တွဲလုပ်ဆောင်လျှက်ရှိသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက နယ်မြေ ထိန်းချုပ်မှု ပိုမိုကျယ်ပြန့်လာချိန်တွင် အုပ်ချုပ်ရေးယန္တားရားလည်ပတ်နိုင်ရန် ချင်းတော်လှန်ရေးအင် အားစုများက အပြိုင်အဆိုင်ကြိုးစားနေသည်။  

မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်း ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ချင်းလက်နက်ကိုင်အဖွဲ့များကြား တကျော့ပြန် စစ်ရေးတင်းမာနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူ ဆလိုင်းဒိုခါရ် က ယခုကဲ့သို့ မှတ်ချက်ပြုသည်။ 

“ကောင်စီနှစ်ခု၊ အုပ်ချုပ်ရေးအဖွဲ့နှစ်ခုဖြစ်သွားတဲ့ နောက်ဆက်တွဲရလဒ်ကို ချက်ချင်းမြင်ရတဲ့ အနေ အထားပါ ” ဟု ဆိုသည်။ 

မရာမျိုးနွယ်စုများကြားတွင် ဖြစ်ပွားသည့်ပြဿနာတွင် CNF နှင့် အခြား ချင်းလက်နက်ကိုင်အဖွဲ့ များ ပါဝင်ခြင်း မပြုရန်နှင့် ဆက်လက်လုပ်ဆောင်ပါက MDF နှင့်အတူ ပူးပေါင်းလုပ်ဆောင်မည်ဟု ချင်းညီနောင်အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ချင်းပြည်ကောင်စီဘက်ကမူ မပါဝင်သေးသည့်အဖွဲ့များ ပါဝင်နိုင်ရေးအတွက် လမ်းဖွင့်ထားပြီး ချင်းပြည်ဖွဲ့ စည်းပုံ အခြေခံဥပဒေအောက်မှ ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုသည်။

Show More

Related Articles

Back to top button